အခန်း(၁၉၃) ယိလင်လေးကို အိမ်ပြန်ခေါ်ချင်တယ် (၂)

1.4K 130 0
                                    


တံခါးကို ဖွင့်လိုက်သောအခါ ကျမ့်ယွင်ချန်းကို ကျမ့်ယိလင်မြင်သွားပါသည်။ ဇဝေဇဝါဖြစ်နေတဲ့ မျက်နှာမျိုးနဲ့ သူ့ကို ကြည့်လိုက်ပါသည်။

ကျမ့်ယွင်ချန်းက ပုံမှန်အတိုင်း သူ့ရဲ့ ခပ်မှောင်မှောင် ဝတ်စုံသာ ဝတ်ထားသည်။ မျက်နှာကလည်း အနည်းငယ် အုံ့မှိုင်းနေ၏။ သူ့မျက်မှောင်တွေ ကြုတ်နေပြီး မျက်လုံးတွေကလည်း လေးနက်နေပါသည်။

သူ့စိတ်ထဲတွေးနေတာတွေ အများကြီး ရှိနေပုံပင်။

"ယိလင်" ကျမ့်ယွင်ချန်းခေါ်လိုက်ပါသည်။ သူ့ရဲ့ လေသံနက်နက်နဲ့ ကျမ့်ယိလင်လေးရဲ့နာမည်ကို ခေါ်လိုက်ပါသည်။

"အင်း" ကျမ့်ယိလင်လေး ပြန်ထူးလိုက်၏။ သူရောက်လာကြောင်းကို အသိအမှတ်ပြုပြီးနောက် ကျမ့်ယိလင် ကိုယ့်အလုပ်ကိုယ် ပြန်လုပ်နေလိုက်ပါသည်။

"ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲမှာ ပထမဆု ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်" ကျမ့်ယွင်ချန်း ဆက်ပြောလိုက်သည်။

"ကျေးဇူးပါ" ကျမ့်ယိလင် ပြန်ပြောလိုက်၏။

ကျမ့်ယွင်ချန်း ရောက်လာရတဲ့ အကြောင်းအရင်းကို ကျမ့်ယိလင် မသိသေးပါ။ လုံခြုံရေးမှတ်တမ်းအကြောင်း မေးလာရင် သူမ ဘယ်လို ပြန်ပြောရမှန်း မသိပေ။ ထို့ကြောင့် အရင်တုန်းကလိုပဲ ကျမ့်ယွင်ချန်းနဲ့ လိုက်လျောညီထွေးဖြစ်အောင် နေဖို့ ဆုံးဖြတ်လိုက်ပါသည်။

သူတို့နှစ်ယောက်အကြားထဲမှာ ဝေးကွာမှုတချို့ ရှိနေသေးသည်ဟု ကျမ့်ယွင်ချန်း ခံစားမိပါသည်။

သူမ သူ့ကို လျစ်လျူမရှုသော်လည်း သူမဘက်က စကားစမပြောတော့ပါ။ ယဉ်ကျေးပြီး သူစိမ်းဆန်လာသည်။

"အမေနဲ့ အဖေတို့က ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲမှာ နင်ပထမဆုရတဲ့အတွက် ဂုဏ်ပြုပေးချင်နေတာ။ နင်လိုချင်တာ တစ်ခုခုရှိလား"

"မရှိပါဘူး။ ကျေးဇူးပါ" ကျမ့်ယိလင်လေးက လေသံနူးနူးညံ့ညံ့ဖြင့် ပြန်ဖြေလိုက်ပါသည်။ ရလဒ်ကောင်းရလာတာက အောင်ပွဲခံဖို့လိုတာ မဟုတ်ပေ။ ကျမ့်ယိလင်အတွက်် ပညာရေးကောင်းမွန်ဖို့ဆိုတာ သူမရဲ့တန်ဖိုးကို ပြသနိုင်မယ့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now