သူခန့်မှန်းထားတာ မှန်သွားပြီလား။
ယောင်လီဓာတုဗေဒနှင့်အဆင့်မြင့်ဒြပ်ထုသုတေသနအဖွဲ့အစည်းကလူတွေက ကျမ့်ယိလင် စာခိုးချတာကြောင့် ရောက်လာကြတာလား။
ရုတ်တရက် သင်ကြားရေးခေါင်းဆောင်ကြီးရဲ့ ရင်ထဲ မီးတွေပွင့်သွားသည်။ ကျမ့်ယိလင်အကြောင်း စဉ်းစားမိလေလေ ပိုပြီး ဒေါသထွက်လာလေလေ။ ဒေါသမီးကြောင့် အံကြိတ်ထားတဲ့ သွားတွေထဲက မီးခိုးတွေတောင် ထွက်လာတော့မလိုပင်။
သို့သော်လည်း အပြုံးကို ဆက်လက်ထိန်းသိမ်းကာ သူ့ရှေ့က ကျင်းပသူတွေကို ယဉ်ယဉ်ကျေးကျေး ပြုမူ ဆက်ဆံရပါဦးမည်။
"ဒီမတော်တဆမှုအတွက် ကျွန်တော်တို့ကျောင်းမှာ အပြစ်ရှိတာ ကျွန်တော်တို့ သိပါတယ်။ ဒီကျောင်းသူ ကိုယ်စား ကျွန်တော် လေးလေးနက်နက် တောင်းပန်ချင်ပါတယ်ဗျာ။ သူက ကလေးပဲရှိသေးတာကြောင့် ဒီကိစ္စအတွက် ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်"
ထိုစကားကိုကြားသောအခါ ပြိုင်ပွဲကျင်းပသူလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
"ခင်ဗျားဘာတွေပြောနေတာလဲ။ ကျွန်တော်တို့က ကျမ့်ယိလင်လေးကို ဒီတိုင်းလာတွေ့ရုံပါ။ တစ်ခုခုများ နားလည်မှုလွဲနေသလား"
"နေပါဦး... သူ့ကိုတွေ့ချင်တာက... ဓာတုဗေဒစွမ်းရည် ပြိုင်ပွဲမှဦ သူခိုးချခဲ့လို့ မဟုတ်ဘူးလား...။ အဲ့တာကြောင့် လာတွေ့ကြတာမဟုတ်ဘူးလား"
သင်ကြားရေးခေါင်းဆောင်ကြီးရဲ့ မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်မှုတွေနဲ့ ပြည့်နှက်သွားပါသည်။
ထိုအခါ ချင်းရှစ်ရွှမ် ရယ်မောလိုက်မိပါသည်။ "အောင်မယ်လေး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံဖူးတာ ဒါပထမဆုံးပဲဗျာ။ ကျောင်းသားတစ်ယောက် အဆင့်ကောင်းကောင်းရတာကို ပျော်ရမယ့်အစား သင်ကြားရေးခေါင်းဆောင်ကြီး ပထမဆုံးလုပ်တာက သူ့ကို သံသယဝင်တာတဲ့လား။ တကယ်ပဲ တစ်ခါမှ မမြင်ဖူးပါဘူး"
ကျင်းပသူရဲ့ စကားကို ကြားသောအခါ သင်ကြားရေးခေါင်းဆောင်ကြီး အိိပ်မက်က လန့်နိုးလာသလို ခံစားလိုက်ရပါသည်။ "နေပါဦး။ ဒါဆို ကျမ့်ယိလင်ကို တခြားကိစ္စတစ်ခုခု ပြောဖို့ လာခဲ့တာလား"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...