ကျမ့်ယုမင် ရိုက်ကူးရေးပြီးနောက် ကျမ့်ယုကျဲ သူ့ကို ဖုန်းဆက်ထားမှန်း သိလိုက်ရသည်။ ချက်ချင်းပဲ ဖုန်းပြန်ခေါ်ခဲ့ပါသည်။
ကျမ့်ယုကျဲလည်း ကျမ့်ယုမင်အား အခြေအနေတွေ ပြောပြလိုက်ပါသည်။ ကျမ့်ယိလင်လေး နောက်ထပ် အဖျားတစ်ခု တက်နေသည်ဟု ကျမ့်ယုမင်ကို ပြောခဲ့သည်။
ထိုစကားကိုကြားသောအခါ သူ့ရဲ့ ကိုယ်ရေးကိုယ်တာလက်ထောက်ကို ဆေးရုံကို ကားမောင်းပို့ပေးဖို့ ကျမ့်ယုမင် ခိုင်းလိုက်ပါသည်။
"ညီကို ယုမင်။ ဘာဖြစ်လို့လဲကွ။ ရိုက်ကူးရေးပြီးရင် ငါတို့ အသားကင်သွားစားမယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား"
ဂျူပီတာ၏ တခြား မန်ဘာဝင်တွေလည်း သူ့ကို မသွားဖို့ တားလိုက်ကြသည်။ ဘာတွေဖြစ်နေသလဲ သူတို့ မသိကြပေ။
"ငါမအားဘူးကွ!" ကျမ့်ယုမင် အော်ပြောခဲ့သည်။ ဆေးရုံဆီ အမြန်ပြေးသွားဖို့ သူ့ကိုယ်သူ ရုန်းနေရပါသည်။
"ဘာဖြစ်လို့လဲဟ" တခြားအဖွဲ့ဝင်က စိတ်ပူစွာဖြင့် မေးလိုက်ကြသည်။ ကြည့်ရတာ ကျမ့်ယုမင် အလွန် စိတ်ဖိစီးနေသည့် ပုံစံပင်။
"ငါ့ညီမလေး ဆေးရုံတင်ထားရလို့။ ငါသွားတွေ့မှဖြစ်မယ်!" ကျမ့်ယုမင် ရှင်းပြလိုက်သည်။ ရွေးချယ်စရာမရှိဘဲ သူတို့ကို အမှန်တိုင်း ပြောလိုက်ရပါသည်။ သူ့ကိုဆက်ပြီး ပွစိပွစိ လုပ်မနေစေချင်ပါ။
အခြေအနေကို ရှင်းပြပြီးနောက် သူ့ကိုယ်ရေးကိုယ်တာ လက်ထောက်နဲ့ ပြေးထွက်သွားခဲ့သည်။
ဒီလိုနဲ့ ဂျူပီတာတခြား မန်ဘာဝင်တွေကို ထားခဲ့ပါတော့သည်။
ဂျူပီတာ Boy Band မှာ အဖွဲ့ဝင် ၄ ယောက်ရှိသည်။
ကျမ့်ယုမင်အပြင် တခြား အဖွဲ့ဝင် ၃ ယောက်ရှိပါသေးသည်။
ကျမ့်ယုမင်ထွက်သွားတော့ ၃ ယောက်သား ကျမ့်ယုမင်ရဲ့ 'ညီမလေး'အကြောင်းကို ဆွေးနွေးလိုက်ကြသည်။ သူတို့ ဒီအခြေအနေကို စုံစမ်းစစ်ဆေးချင်နေပါသည်။
"ညီကိုယုမင် သူ့ညီမကို တကယ်သွားတွေ့တာထင်လား။ ဒါမှမဟုတ် စကီလေးတစ်ယောက်နဲ့သွားတွေ့တာလား"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...