ဟုံပိုင်ကျန်းလည်း ကွန်ပျူတာရှေ့မှာ ထိုင်နေပါသည်။ မကြာခင် ဆောင်ရွက်ကြတော့မည့် အာရုံကြောအဏုစိပ်ခွဲစိတ်ကုသမှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးထားတဲ့ စကားဝိုင်းတွေကို မြင်ပြီးပါပြီ။
ထိုခွဲစိတ်ကုသမှုက အာရုံစိုက်မှုများစွာကို ရရှိထားသည်ဟု ဆိုရမည်။
ဟုံပိုင်ကျန်းကလည်း ဒီကိစ္စကြီးနဲ့ အစောကြီးကတည်းက ပါဝင်ပတ်သတ်ခဲ့သူဖြစ်သဖြင့် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေခဲ့ပါသည်။
ဒီလိုခွဲစိတ်ကုသမှုမျိုးက အလွန်အမင်း ခက်ခဲသည်။ အော်ပရေးရှင်း အောင်မြင်သွားပါက ဒေါက်တာ F.S ရဲ့နာမည်လည်း လယ်ဗယ်သစ်တစ်ခုကို တက်သွားလိမ့်မည်။
အမှန်တိုင်းပြောရလျှင် ဟုံပိုင်ကျန်းလည်း ဒီခွဲစိတ်ကုသမှုကို လူကိုယ်တိုင်သွားကြည့်ချင်ပါသည်။
ထိုသို့တွေးမိရင်း ဟုံပိုင်ကျန်း အရှက်မရှိစွာဖြင့် ချန်းယွီကို မက်ဆေ့တစ်စောင် ပို့လိုက်ပါသည်။ ချန်းယွီသူ့ကို ခွဲစိတ်ကုသမှု လာရောက်ကြည့်ရှုခွင့် ပေးလိမ့်မည်ဟု ဟုံပိုင်ကျန်း မျှော်လင့်မိသည်။
ခဏလောက်ကြာသောအခါ ချန်းယွီက စာပြန်လာပါသည်။
[ခင်ဗျားကို ကြည့်ရှုခွင့်ပေးဖို့ ဆုံးဖြတ်ခွင့် ကျွန်တော့်မှာ မရှိဘူးဗျ။ တခြားနည်းလမ်း စဉ်းစားမှ ဖြစ်မယ်]
ဟုံပိုင်ကျန်း တီးတိုးရေရွတ်လိုက်ပါသည်။ "တခြားနည်းလမ်း မစဉ်းစားတတ်လို့ မင်းကိုမေးတာကွ..."
ချန်းယွီကိုဆက်သွယ်ဖို့ကလွဲပြီး အော်ပရေးရှင်းကို သွားရောက်ကြည့်ရှုနိုင်မယ့် တခြားနည်းလမ်းကို ဟုံပိုင်ကျန်း မစဉ်းစားမိချေ။
ဟုံပိုင်ကျန်း စာပြန်ဖို့ ပြင်လိုက်စဉ်မှာပင် သူနာပြုတစ်ယောက်က လူနာခန်း နံပါတ် ၁ မှ လူနာကို သွားစစ်ဆေးဖို့အတွက် သူ့ကို လာခေါ်သည်။
"အူရောင်ရမ်းနာ ဖြစ်တာမဟုတ်ဘူးလား။ ဘာလို့ ငါကိုယ်တိုင် သွားစစ်ဆေးရမှာလဲ" ဟုံပိုင်ကျန်း အထွန့်တက်လိုက်ပါသည်။ သူစိတ်မရှည်တော့ပေ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...