အခန်း(၁၈၆) ကျမ့်ယိလင်နဲ့ တွေ့ချင်တယ်

1.4K 107 0
                                    


သို့သော်လည်း သူ့ရှေ့က အဖြေလွှာမှာ ဒီလောက် မြင့်တဲ့ အမှတ်မျိုး မြင်နေရလိမ့်မည်ဟု ကျင်းပသူ မထင်ခဲ့ပါ။

အမှတ် ၁၀၀ တွင် ဒီအဖြေလွှာက ၉၈ မှတ်ရထား၏။

လျှော့ထားရတဲ့ ၂ မှတ်ကလည်း သင်္ကေတ သုံးစွဲမှု အမှားကြောင့်ဖြစ်သည်။

သို့သော် ဒီအမှားက သတိလစ်ဟာတာကြောင့် မဟုတ်ပါ။ ထို့အစား ဒီလူက ဖော်မြူလာနဲ့ အီကွေးရှင်းတွေကို သင်္ကေတ အဟောင်းကြီးများ သုံးကာ ရေးသားထားခြင်းကြောင့် ဖြစ်ပါသည်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အသုံးပြုခဲ့တဲ့ အင်တာနေရှင်နယ် စံနှုန်းများအတိုင်း ရေးသားထားခြင်းဖြစ်၏။ သို့သော်လည်း မကြာသေးခင်က အပြောင်းအလဲရှိခဲ့ပါသည်။

တစ်နည်းအားဖြင့် ဒီလူက ဓာတုဗေဒစွမ်းရည် ပြိုင်ပွဲမှာ မေးခွန်းအားလုံးကို ဖြေဆိုနိုင်ပါသည်။

ဒါက အတော် ထူးဆန်းနေ၏။

"ဘော့စ် ဒီကျောင်းသူရဲ့ ရလဒ်က အမှားအယွင်းရှိတယ်လို့ထင်တဲ့ ကျောင်းသားတချို့ ပေါ်လာပါတယ်" လက်ထောက်က ပြောလိုက်၏။

အဖြေလွှာတစ်ခုကို ပြန်စစ်ဆေးပေးဖို့ တောင်းဆိုချက် ရှိသဖြင့် ကျင်းပသူက လျစ်လျူမရှုနိုင်ပေ။ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ အဖြေလွှာကို စစ်ဆေးပေးရပါမည်။

"ဘာစစ်ဆေးစရာ လိုလို့တုန်း။ အဖြေလွှာက ငါတို့ရှေ့မှာ ရှိနေတာမဟုတ်ဘူးလား။ မနေ့ညကတည်းက ငါတို့ အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးပြီလေ"

ရလဒ်တွေကို မကြေညာခင်က သူ့ရှေ့က အဖြေလွှာကို ကျင်းပသူမှာ အနီးကပ် စစ်ဆေးထားပြီးသား ဖြစ်သည်။

မေးခွန်းတွေကို သူနဲ့ အဖွဲ့အစည်းထဲက တခြားပညာသင်တွေနဲ့ ပေါင်းကာ ရေးသားထားခြင်း ဖြစ်သည်။ ထို့ကြောင့် မေးခွန်းကြိုတင်ပေါက်ကြားတာမျိုးလည်း မဖြစ်နိုင်ပေ။

စာမေးပွဲမှာ မေးမယ့်မေးခွန်းတွေကို အပြင်လူကတော့ ကြိုသိနိုင်မှာ မဟုတ်ပါ။

ထို့အပြင် သူတို့စာမေးပွဲအခန်းကိုလည်း လုံခြုံရေး ကိရိယာများစွာဖြင့် တပ်ဆင်ကာ ဂရုတစိုက် စောင့်ကြည့်စစ်ဆေးထားတာ ဖြစ်သည်။ စာမေးပွဲစောင့်များကလည်း ခုံတန်းများကို စစ်ဆေးကြပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now