အခန်း(၁၂၆) အတိတ်သမိုင်းကြောင်းတွေပေါ်လာပြီ (၁)

1.8K 129 0
                                    


ကျူးရှားမေးခွန်းကိုမေးလိုက်သောအခါ အားလုံးသူမကို စိုက်ကြည့်နေကြသည်ဟု မိုရှစ်ယွင်ခံစားမိပါသည်။

ထို့ကြောင့် မိုရှစ်ယွင် တစ်ခုခုပြောဖို့ ပို၍ပင် ခက်ခဲသွားလေသည်။

ခေတ္တ တွန့်ဆုတ်ပြီးနောက် မိုရှစ်ယွင် ပြောလိုက်သည်။ "ကျူးရှား။ ငါအခုနေလို့မကောင်းလို့။ ကျောင်းဆေးခန်း ခဏသွားလိုက်ဦးမယ်"

ကျူးရှားရဲ့မေးခွန်းကို မိုရှစ်ယွင်ရှောင်လွှဲခဲ့သည်။ သူမ လှည့်ထွက်လာပြီး စာသင်ခန်းထဲမှ ထွက်လာခဲ့ပါသည်။

မေးခွန်းကို ဘယ်လိုပြန်ဖြေရမလဲ မသိပါ။ ငြင်းလည်းမငြင်း ဝန်လည်း မခံနိုင်ပါ။ ထို့ကြောင့် ထွက်လာဖို့ ဆင်ခြေ ပေးခဲ့ရသည်။

စာသင်ခန်းထဲက ထွက်လာပြီးနောက် မိုရှစ်ယွင် အလွန်တရာ စိတ်ရှုပ်ထွေးနေပြီး လမ်းပျောက်နေသည်။

ထိုအချိန်တွင် သတင်းကို တွေ့လိုက်သည့် ချွေ့ယီကျန်းလည်း သူမကို လာရှာလေသည်။

"ရှစ်ယွင်နင်ဘာလုပ်နေတာလဲ။ အခြေအနေတွေ ဘယ်လိုရှိလဲ" ချွေ့ယီကျန်း အလောတကြီး မေးလိုက်ပါသည်။

မိုရှစ်ယွင် ခေါင်းခါရမ်းလိုက်၏။ သူမ ဘယ်လိုပြောရမှန်း မသိသဖြင့် ခေါင်းသာငုံ့လိုက်ပါသည်။

"ဘာမှမဖြစ်ပါဘူး။ တစ်နေရာရာသွားပြီး ပြောကြရအောင်"

ကျောင်းကော်ရစ်ဒါက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ပေ။

ချွေ့ယီကျန်းက မိုရှစ်ယွင်ကို ကျောင်းဆေးခန်းထိရောက်အောင် ဆွဲခေါ်လာသည်။ သူတို့ ပျောက်နေမှန်း ဆရာမတွေ သိသွားပါက ပေးစရာ ဆင်ခြေရှိပါလိမ့်မည်။

ကျောင်းဆေးခန်းကို ရောက်လာတော့ ချွေ့ယီကျန်း မိုရှစ်ယွင်အား မေးခွန်းဆက်မေးသည်။

"ရှစ်ယွင် ဘာတွေဖြစ်နေတာလဲ။ နင်ပြဿနာတစ်ခုခုတက်နေတာလား"

မိုရှစ်ယွင် ခေါင်းငုံ့လိုက်၏။ ချွေ့ယီကျန်းရဲ့ မေးခွန်းထုတ်နေသည့် မျက်လုံးများကို သူမ မကြည့်ခဲ့ပါ။ ခဏလောက်ကြာသောအခါ သူမ ခေါင်းငြိမ့်လိုက်ပြီး ဝန်ခံလိုက်ပါတော့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now