အခန်း(၁၇၉) အချိန်တန်မှ တောင်းပန်

1.4K 105 0
                                    


"ငါ့အလုပ်မပါတာ ဟုတ်တယ်။ ဒါပေမယ့် အမှန်တရား ပြောပြတာလေ။ အမှန်တရားကိုပြောပြတာ တရားဥပဒေနဲ့ မညီလို့လား။ သူများတွေ ကောင်းကွက်ပြောတာကိုပဲ နားထောင်ပြီး ဆိုးကွက်ပြောတာကို နားမထောင်လို့တော့ မရဘူးမလား" ဝမ်ရှန့်ချုံက မေးလိုက်သည်။ ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ပြောလိုက်ခြင်းပင်။

ဝမ်ရှန့်ချုံ ဆက်ပြောလိုက်သည်။ "ပြီးတော့ နင်တို့နှစ်ယောက်ကိုလည်း ဘဝမှာ ဘာအောင်မြင်မှုမှ မရတဲ့လူတွေလို့ ငါမပြောမိပါဘူး။ ကိုယ့်ဖာသာကိုယ် ထင်နေကြပြီးတော့"

ဟူကျောင်းကျောင်းတစ်ယောက် ဒေါသကြောင့် ပါးများ ဖောင်းလိုက်ပိန်လိုက် ဖြစ်လာသည်။

သို့သော်လည်း သူ့ကို ပြန်ငြင်းလို့မရပေ။

ထို့ကြောင့် သူမ ပို၍ပင် ဒေါသထွက်ရပါသည်။

ဟူကျောင်းကျောင်းက ဆောင်းရာသီမှာ ပေါက်တဲ့ ခရမ်းသီးတစ်လုံးလိုပင်။ သူမ ပြုမူသည့် ပုံစံက ခြောက်ကပ်ကာ အသက်မဲ့နေပါသည်။

ဒီကောင့်ထက် အမှတ်များများရအောင် မကြိုးစားနိုင်တာ သူမ အပြစ်ပဲ မဟုတ်ပါလား။

ဟူကျောင်းကျောင်းကို ကျမ့်ယိလင် လှည့်ကြည့်လိုက်သည်။ သူမ သူငယ်ချင်း ဘယ်လောက် စိတ်ကြီးနေသလဲဆိုတာကို မြင်ပြီး ဝမ်ရှန့်ချုံကို လှည့်ပြောလိုက်ပါသည်။

"လာမယ့်စာမေးပွဲမှာ နင့်ထက်ငါ အမှတ်ပိုများရင် ဟူကျောင်းကို နင်တောင်းပန်ရမယ်။ ပြီးတော့ တောင်းပန်ပါတယ်ဆိုပြီး အခါ ၁,၀၀၀ ရေးရမယ်"

"နင့်ခေါင်းတစ်ခုခုဖြစ်နေတာလား" ဝမ်ရှန့်ချုံက မေးလိုက်သည်။ သူ့မျက်လုံးတွေက ကျမ့်ယိလင်ကို အထင်သေးတဲ့ပုံစံနဲ့ ကြည့်နေခြင်းဖြစ်သည်။

"လောင်းမှာလား မလောင်းဘူးလား"

"ဒါဆို ငါ့ထက်အမှတ်မများရင် နင်ငါ့ကို တောင်းပန်ရမယ်မလား။ ပြီးတော့ တောင်းပန်ပါတယ်လို့ အကြိမ် ၁,၀၀၀ လည်း ရေးရမယ်"

"အေး"

ထိုစကားကို ကြားသောအခါ ဝမ်ရှန့်ချုံ စတင် ရယ်မောလိုက်သည်။ ဘေးက တခြားကျောင်းသားတွေကလည်း ကျမ့်ယိလင်ကို ထူးထူးဆန်းဆန်း မျက်လုံးများဖြင့် ကြည့်နေကြပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now