အခန်း(၁၃၂) ဝမ်းကွဲအစ်ကို ကျမ့်ယုမင် (၂)

1.7K 150 1
                                    


စကားချိုချိုပြောပြီး ချွဲနွဲ့ရမယ်ဟုတ်လား။ အဲ့တာ သူလုပ်တတ်တာမျိုး မဟုတ်ပေ။

အထူးသဖြင့် သူ့ပရိတ်သတ်တွေကို မလုပ်ပါ။

သို့သော်လည်း... ကျမ့်ယိလင်လေးကိုတော့ စမ်းကြည့်လို့ရပါသည်။ ကျမ့်ယိလင်လေး သူ့ကို နှုတ်ခမ်းစူပြသည့် ပုံစံအား ကျမ့်ယုမင် စိတ်ကူးယဉ်ကြည့်၏။ အတော်လေး ချစ်ဖို့ကောင်းသည့် ပုံရိပ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် စမ်းကြည့်သင့်သည်ဟုသာ ကောက်ချက်ချလိုက်လေသည်။

သူ့အဖွဲ့ တခြားမန်ဘာဝင်များကလည်း သူ့ကို ဆက်လက် အားပေးကြသည်။

"မင်းမှာ စကေးရှိရှိ မရှိရှိ အရေးမကြီးဘူးကွ။ အရေးကြီးတာက မင်းညီမကို ချော့တတ်ဖို့ပဲ။ ဒါပေမယ့် အခုစဉ်းစားကြည့်မှ မင်းညီမက တော်တော် ကြည့်ကောင်းမယ့်ပုံပဲ။ မင်းပုံစံမျိုးနဲ့ဆိုရင် မင်းတို့မိသားစုဝင်တွေက ကြည့်ကောင်းမယ့် လူတွေချည်းပဲ ဖြစ်နိုင်တယ်"

"ဟမ်း... ညီကိုယုမင် ငါတို့ကို မင်းအိမ် တစ်ရက်လောက် ဖိတ်ပါလား။ မင်းညီမလေးကို တွေ့ပါရစေ!"

"ဟုတ်တယ်။ အဲ့အကြံ ငါလည်း သဘောကျတယ်! ညီကို ယုမင်ရဲ့ အိမ်ကိို အားလုံး သွားကြစို့!"

တွန့်ဆုတ်မှုမရှိဘဲ ကျမ့်ယုမင်က သူတို့အကြံကို ပြတ်ပြတ်သားသား ငြင်းလိုက်ပါသည်။ "သွားစမ်းပါကွာ! အဲ့အတွေးမျိုးကနေ ဝေးဝေးနေနော်! ငါတို့ သီချင်းသစ် ရေးမှာလား မရေးဘူးလား"

"အေး ရေးမှာပါ။ ဒါပေမယ့် မင်းအိမ်မှာ သီချင်းသစ် လာရေးမယ်လေ။ အကြံ မကောင်းဘူးလား"

"အေး ကောင်းမယ့်ပုံပဲ"

ကျမ့်ယုမင်လည်း သူ့ကွန်ပျူတာ ဖန်သားပြင်ပေါ်က ရုပ်ချောချော မျက်ခွက်များကို ကြည့်လိုက်သည်။ သူ့တို့မျက်နှာ ဝံပုလွေတွေ အဖြစ် ပြောင်းလဲသွားတော့မလိုတောင် ခံစားမိပါသည်။

နောက်တစ်ဖန် သူတို့အကြံကို ကျမ့်ယုမင် ပြတ်ပြတ်သားသား ငြင်းလိုက်ပြန်ပါသေးသည်။

"ငါ့အိမ်က အဲ့လောက်ကြီးဘူးကွ! မင်းတို့အကုန်လုံး မဆံ့လောက်ဘူး!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now