အခန်း(၁၁၆) လူသားသဲအိတ် (၂)

1.8K 125 0
                                    


"တင်ပါး" ကျမ့်ယိလင်ပြောလိုက်သည်။

လူတစ်ယောက်ကို ရိုက်ရာတွင် တင်ပါးက အကောင်းဆုံးနေရာဖြစ်ပါသည်။ အသားများပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းလည်း မရှိပါ။ သာမန် အခြေအနေမှာတော့ ထိုနေရာကို ရိုက်ခြင်းက ရာသက်ပန် ဒဏ်ရာ ရမှာ မဟုတ်ပါ။ ထိုလူ့အတွက် အန္တရာယ်ရှိမှာလည်း မဟုတ်ပေ။

သို့သော်လည်း သူတို့ခံစားရမည့် နာကျင်မှုပမာဏကတော့ အတူတူပဲ ဖြစ်ပါသည်။

ထို့ကြောင့် သူများကို ရိုက်ဖို့ဆို တင်ပါးကအကောင်းဆုံး နေရာပဲ ဖြစ်သည်။

ကျီမင် မျက်လုံးပြူးသွား၏။ သူ့လို အသက ၁၇ နှစ်အရွယ် ယောက်ျားလေးတစ်ယောက် တင်ပါး အရိုက်ခံရတော့မှာ မယုံကြည်နိုင်ပါ။

သူ့ကို ရိုက်တော့မယ့်လူကလည်း လောလောဆယ် လက်ထဲမှာ ကြက်တောင်ရိုက်တံတစ်ချောင်းကို ကိုင်ထားသည်။ မျက်နှာတည်ကြီးနဲ့ သူ့ကို အမိန့် ပေးနေပါသည်။

ကျီမင် ငြင်းဆန်ခဲ့ပါသည်။ စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရကော သူမရဲ့ အမိန့်ကို လက်မခံနိုင်ပါ။

သူ့ကို သတ်ချင်သတ်လို့ရသည်။ ဒီလိုတော့ အရှက်မခွဲနိုင်ပါ။

သူ့ကို ဒိလိုမျိုး အနိုင်ကျင့်လို့မရပါ။

"ကျမ့်ယိလင် အဲ့တာတော့ တရားလွန်လွန်းတယ်! ငါက ယောက်ျားကြီးဟဲ့!"

ကျီမင် အံကြိတ်လိုက်သည်။ ဒေါသလည်းထွက်၊ ကြောက်လည်းကြောက်နေပါသည်။

ကျိုက်ယွင်ရှန်းက ဘော်ဒီဂတ်တွေကို လှမ်းကြည့်လိုက်သည်။

ဆရာရှန်းရဲ့ အကြည့်ကိုရတာနဲ့ ဘော်ဒီဂတ်တွေ ရှေ့တိုးလာခဲ့သည်။ ဘာမှမပြောဘဲ ကျမ့်ယိလင်လေး ခိုင်းထားသည့် ပုံစံ နေရာယူအောင် ကျီမင်ကို ကူညီပေးလိုက်ကြပါသည်။

အရပ်ရှည်ရှည် ခပ်တောင့်တောင့် ဘော်ဒီဂတ် ၂ ယောက်ကို ကျီမင် ယှဉ်မချနိုင်ပေ။

သူလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ရမ်းပြီး ကျမ့်ယိလင်လေးရဲ့ လက်ထဲက ကြက်တောင်ရိုက်တံကို ကြည့်ဖို့သာရှိသည်။ သူ့စိတ်အခြေအနေတစ်ခုလုံး အောက်ဆုံး ထိုးကျသွာပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now