အခန်း(၁၃၄) ခွဲစိတ်ကုသမှုကို လက်ခံတယ်

2.1K 170 1
                                    

ကျမ့်ယိလင် ဗီဒီယိုကို ကြည့်ပြီးတာနဲ့ တဖက်လူကို မက်ဆေ့ပို့ပေးလိုက်ပါသည်။

[ရှင်တို့ရဲ့ တောင်းဆိုချက်ကို လက်ခံပါတယ်။ ဒါပေမယ့် နောက်တစ်ခေါက်မှ ရှင်တို့ကိစ္စကို ပြောကြမယ်]

[ဟုတ်ကဲ့ ကိစ္စမရှိပါဘူး။ ခင်ဗျားဘက်က ကိစ္စတွေကိုသာ အရင်ရှင်းလိုက်။ ဒါပေမယ့် နောက်အပတ်လောက်ထဲ ကျွန်တော်တို့ Case ကိုဆွေးနွေးဖို ဒေါက်တာ F.S အချိန်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်]

တဖက်လူက ကျမ့်ယိလင်ကို တွန်းအားမပေးချင်ပေ။ ထို့ကြောင့် ကျမ့်ယိလင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ရှင်းလင်းဖို့အတွက် အချိန်နည်းနည်းပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

[ကောင်းပြီ] သူတို့ကို ကတိပေးထားပြီးသား ဖြစ်သဖြင့် ကျမ့်ယိလင် ကတိဖျက်မှာ မဟုတ်ပါ။

တဖက်လူကို ကျမ့်ယိလင် ဆက်သွယ်ပြီးတာနဲ့ သူမရဲ့ ဆက်သွယ်ရေး အချက်အလက်များကို စတင်မွှေနှောက်လိုက်သည်။

ဒီဗီဒီယိုကို ဘယ်သူ့ပို့ပေးရမှန်းမသိပါ။ ဘယ်သူက သူမရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြပေးနိုင်မှာလဲ။

ကျမ့်ယိလင်ရဲ့ အကြည့်က ကျမ့်ယွင်ချန်းရဲ့ နာမည်ပေါ် အကြာကြီး ရပ်တန့်သွားသေးသည်။ သို့သော်လည်း ခဏလောက်ကြာသောအခါ သူ့နာမည်ကို မနှိပ်ဖြစ်ခဲ့ပါ။

သူမ သက်သေထပ်ရှာရဦးမှာဖြစ်မှန်း ကျမ့်ယိလင် သိပါသည်။ ပြဿနာကို ရှင်းဖို့ အချောမွေ့ဆုံး နည်းလမ်းကိုလည်း သူမသိသည်။

သို့သော်လည်း ဒီကိစ္စကို ကျမ့်ယွင်ချန်းတို့နဲ့ ဘယ်လို ဆွေးနွေးရမှန်း မသိပါ။

ကျမ့်ယိလင်က မိသားစုသံယောဇဉ် မေတ္တာ ဘာညာ သိပ်နားမလည်ပေ။ ဒီဗီဒီယိုကို မြင်တာနဲ့ သူမမိသားစုထဲက လူတိုင်း စိတ်မကောင်းဖြစ်ကြမည်ဟုသာ ခန့်မှန်းနိုင်သည်။ အမှန်ပင်။ အဘွားကျမ့်လည်း အပါအဝင်ဖြစ်သည်။

သူမကို ကျမ့်ယွင်ချန်း ပြောခဲ့တဲ့ စကားအား မှတ်မိနေဆဲ ဖြစ်သည်။ သူတို့မိသားစုဝင်အချင်းချင်း ကျမ့်ယိလင် ထိခိုက်အောင် လုပ်မည်ဟု ကျမ့်ယွင်ချန်း မယုံကြည်ပါ။ သို့သော် တစ်ချိန်တည်းမှာပဲ ကျမ့်ယွင်နော်က သူမကို မဟုတ်မမှန် စွပ်စွဲမည်ဟုလည်း ကျမ့်ယွင်ချန်း မယုံကြည်ကြောင်း ပြောခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now