လောင်ရွှေအန်းကို စနောက်ဖို့ ချန်းယွီ ပြင်လိုက်စဉ် သူ့ကိုလည်း ကျမ့်ယိလင်လေး ဗူးတစ်ဗူး ပေးလိုက်ပါသည်။
ဗူးကိုဖွင့်ကြည့်လိုက်ရာ အလှထားအရုပ်တစ်ရုပ်ကို မြင်လိုက်ရသည်။
ဟမ် နေပါဦး... ဒါအလှထားအရုပ်မဟုတ်ဘူး...
မြင်မြင်ချင်းမှာတော့ လက်ဆောင်က အလှထား အရုပ်တစ်ရုပ်နဲ့တူသည်။ သို့သော်လည်း သေချာ အနီးကပ်ကြည့်မှ သကြားလုံးနဲ့လုပ်ထားတာဆိုတာ သိလိုက်ရပါသည်။
အလွန်လက်ရာမြောက်လှသဖြင့် သူ့ကို စစချင်း အလှထားအရုပ်ဟုတောင် ထင်သွားစေခဲ့ပါသည်။ သကြားလုံးအရုပ်လေးက အလွန်လက်ရာမြောက်ကာ အသေးစိတ်ကျလွန်းပါသည်။
ကျမ့်ယိလင်လေးက 'သကြားအနုပညာ'ကို သုံးပြီး ချန်းယွီအတွက် လှပတဲ့ ကောင်မလေး အရုပ်တစ်ရုပ် လုပ်ပေးထားပါသည်။
"ယိလင် ဒါလေးကို နင်လုပ်ထားတာလား" ချန်းယွီ မေးလိုက်သည်။
ကျမ့်ယိလင် ခေါင်းငြိမ့်ပြလိုက်၏။
ချန်းယွီ ရင်ထဲမှာ ပန်းတွေဝေသွားပါသည်။
အဖွဲ့အစည်းထဲက ပထမဆုံး'မိန်းကလေးစစ်စစ်'က သူ့ကို လက်ဆောင်ပေးလိုက်ပြီ! သီးသန့် လက်လုပ် လက်ဆောင်လေးတစ်ခု!
ထင်ထားတဲ့အတိုင်းပဲ အဖွဲ့အစည်းထဲက တခြားလူတွေလည်း ချန်းယွီကို မနာလိုအကြည့်ဖြင့် ကြည့်လာကြပါသည်။
လောင်ရွှေအန်းလည်း ထိုနည်းလည်းကောင်းပင်။
လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံက ကောင်းသော်လည်း ချန်းယွီလက်ထဲက လက်ဆောင်က ကျမ့်ယိလင်လေး ကိုယ်တိုင်လုပ်ထားတာဖြစ်သည်။ အများကြီး ပိုတန်ဖိုးရှိပါသည်။
ချန်းယွီရဲ့ နှုတ်ခမ်းထောင့်များ အပေါ်ဘက်ကို စကွေးလာခဲ့သည်။ သို့သော်လည်း မျက်နှာကို တည်တည်တံ့တံ့ထားဖို့ ကြိုးစားလိုက်ပါသည်။
ချန်းယွီရဲ့ လက်ချောင်းတွေက အကျင့်ပါနေသည့်အလျောက် မျက်မှန်ကို ပင့်တင်ပြီး ပြောလိုက်ပါသည်။ "ကျေးဇူးပါ ကျမ့်ယိလင်။ လက်ဆောင်ကို တကယ်သဘောကျပါတယ်"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...