"သြော် ဒါနဲ့ မကြာသေးခင်က ဒီလောကထဲက အကျော်အမော်တွေအများကြီးနဲ့ မင်းဆုံခဲ့တယ်လို့ ငါကြားတယ်နော်။ နိုင်ငံခြားကလူတွေ မင်းကို ဆက်သွယ်လာသေးလား"
"မှားနေပြီထင်တယ်။ တခြားသူတွေနဲ့ အဆက်အသွယ်အများကြီးရှိတဲ့လူက ကျမ့်ယွင်ချန်းပဲ ဖြစ်မှာပေါ့။ သူက ဆရာကြီးတို့ ကျောင်းက အောင်ထားတာပဲကို"
ချင်းချွမ်က အေးအေးဆေးဆေး ပြန်ပြောလိုက်ပါသည်။
"သြော် ဟုတ်သားပဲ" သင်ကြားရေးခေါင်းဆောင်ကြီး ပြုံးကာ ပြောလိုက်၏။။
ကျမ့်ယွင်ချန်းကလည်း ရှန်းဟွာအထက်တန်းကျောင်းအောင် ဖြစ်သည်။ သို့သော်လည်း တော်တော်ကြာခဲ့ါပပြီ။ သူသင်ကြားရေး ခေါင်းဆောင်ကြီးဖြစ်မလာခင်ကတည်းက ကျမ့်ယွင်ချန်း အထက်တန်းအောင်သွားခဲ့တာ ဖြစ်သည်။
ကျမ့်ယွင်မိုလည်း ရှိပါသေးသည်။ သူက နိုင်ငံခြား နာမည်ကျော်တက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားနေသည့် ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်သည်။ သူ့နည်းပြဆရာက ကမ္ဘာပေါ်ရှိ အတော်ဆုံး ဇီဝဗေဒပညာရှင်ကြီးတွေထဲက တစ်ယောက် ဖြစ်ပါသည်။
ထိုအကြောင်းကိုစဉ်းစားမိသောအခါ ကျမ့်ယိလင်ရဲ့ အကြောင်းကပါ သင်ကြားရေးခေါင်းဆောင်ကြီးရဲ့ ခေါင်းထဲ ဝင်လာခဲ့ပါသည်။
သူတို့အားလုံးက တစ်မိသားစုတည်းဖြစ်သည်။ သို့သော် အစ်ကိုတွေနဲ့ ညီမဖြစ်သူတို့က ဘာလို့ ဒီလောက်ခြားနားနေရတာလဲ။
ထို့အပြင် သူ့တာဝန်သက်တမ်းအချိန်ကာလအတွင်းမှာ ကျမ့်ယွင်ချန်းနဲ့ ကျမ့်ယွင်မိုတို့လို ဉာဏ်ကြီးရှင်တွေနဲ့ ဘာလို့ မတွေ့ရတာလဲ။ ထို့အစား ကျမ့်မိသားစုထဲက အဆိုးဆုံး ကလေးနဲ့သာ လာကြုံနေရသည်။
ဒီလောက်ကံဆိုးရအောင် အတိတ်ဘဝက ဘယ်လို အကုသိုလ်တွေ လုပ်ခဲ့မိလို့လဲ။
သင်ကြားရေးခေါင်းဆောင်ကြီးက ချင်းချွမ်ကို ကျောင်းရဲ့ဟောခန်းထဲ လိုက်ပို့ပေးလိုက်သည်။
တစ်လမ်းလုံး ပြုံးဖြီးနေခဲ့၏။ သူ့ကိုမြင်သူတိုင်း သူစိတ်ရွှင်နေမှန်း သိနိုင်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
Romanceဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်ယိလင်လေး အခုတော့ လျှို့ဝှက် အကျော်အမော်လေးတစ်ယောက် ဖြစ်လာခဲ့တယ...