အခန်း(၁၈၄) ပထမဆု

1.3K 117 0
                                    


နောက်တစ်နေ့ မိုရှစ်ယွင် စိတ်ဓာတ်ကျဆင်းစွာဖြင့် ကျောင်းကိုရောက်လာခဲ့သည်။ စာသင်ခန်းထဲကို ဝင်လိုက်တာနဲ့ ဓာတုဗေဒပြိုင်ပွဲ ရလဒ်တွေ ကြေညာလိုက်ပြီ ဖြစ်ကြောင်း ကြားခဲ့ရပါသည်။

ဓာတုဗေဒပြိုင်ပွဲမှာ ဝင်ပြိုင်သူက နည်းပါးသည်။ ထို့ကြောင့် ကျင်းပသူအဖွဲ့အစည်းက စာမေးပွဲပြီးပြီးချင်း ညနေခင်းမှာပဲ အဖြေလွှာအားလုံးကို အပြီးစစ်နိုင်ခဲ့ပါသည်။

ရလဒ်တွေကြေညာတော့မည်ဟု ကြားလိုက်တာနဲ့ အားလုံး စိတ်ဖိစီးသွားကြသည်။

မိုရှင်ယွင်ဖုန်းထဲက ဝက်ဘ်ဆိုက်ကို အမြန် ဖွင့်ကြည့်လိုက်သည်။ ရလဒ်တွေကို တကယ်ပဲ ကြေညာထားမှန်း မြင်လိုက်ရပါသည်။

ကျမ့်ယိလင်ရဲ့ နာမည်က ထိပ်ဆုံးရောက်နေ၏။ သူမရဲ့ မျက်လုံးထဲ စွဲစွဲမြဲမြဲ ဝင်ရောက်သွားခဲ့သည်။

သူမ နာမည်က စာရင်းရဲ့ထိပ်ဆုံးမှာ။

သူမ ပထမဆုကို ရသွားသည်။

ကျမ့်ယိလင် တကယ်ကြီး ပထမဆု ရသွားပါသည်။္

ထိုအချက်က ယုံကြည်ရခက်လွန်းသည်။

မိုရှစ်ယွင်လည်း ကျမ့်ယိလင်နဲ့ တစ်ခါတစ်လေ စကားပြော ဆက်ဆံဖူးပါသည်။ ကျမ့်ယိလင် ဘယ်လိုလုပ်ပြီး ပထမဆု ရသွားသလဲဆိုတာကို သူမ လုံးဝ မသိပါ။ သို့သော် ယုံရခက်နေတာ သူမ တစ်ယောက်တည်းတော့ မဟုတ်ပေ။ တခြား အတန်းဖော်တွေလည်း တုန်လှုပ်သွားကြသည်။

တုန်လှုပ်ရင်းနဲ့ပဲ မိုရှစ်ယွင် သူမနာမည်ကို စာရင်းထဲ လိုက်ရှာကြည့်လိုက်ပါသည်။

သူမနာမည်ကို တွေ့ပါပြီ။ နာမည်ဘေးက အဆင့်ကို အမြန်ကြည့်လိုက်၏။

အဆင့် ၁၁...

မိုရှစ်ယွင် ပြိုင်ပွဲမှာ အဆင့် ၁၁ ချိတ်ပါသည်။

သူမ ဆုကြေးငွေနဲ့ ကပ်သီးလေးလွဲသွားသည်။

မိုရှစ်ယွင် ဖြူရော်ဖြူဖပ်မျက်နှာနဲ့ ဖန်သားပြင်ကို ဆက်ပြီး ကြည့်နေမိသည်။

ဒီကိစ္စအတွက် သူမ မျှော်လင့်ချက်မြောက်များစွာ ထားခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now