အခန်း(၁၉၁) အစ်ကိုကြီးကို ယုံပါ

1.4K 125 0
                                    

"ရှစ်ယွင်! သမီးစိတ်ပူစရာမလိုတော့ဘူး! အမေတိုလိုနေတဲ့ငွေ ချေးလို့ရသွားပြီ!" ဒေါ်လေးမိုက ဝမ်းပန်းတသာဖြင့် အော်ပြောလိုက်ပါသည်။

"ဟင် အမေ ဘယ်ကရတာလဲ" မိုရှစ်ယွင်ရဲ့အသံထဲမှာ စိတ်လှုပ်ရှားပျော်ရွှင်မှုအရိပ်အယောင် ပေါ်လွင်နေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်မှုအရိပ်အယောင်လည်း ရောက်ယှက်နေပါသေးသည်။

"စိတ်မပူပါနဲ့ ငွေတိုးချေးစားတဲ့လူတွေဆီက မဟုတ်ဘူး။ ဒီတိုင်း... ဒီတိုင်း မိတ်ဆွေတစ်ယောက်ဆီက ချေးလို့ ရသွားတာ"

"တကယ်ကြီးလား"

"ဟုတ်တယ် တကယ်ပြောတာ! ဒီငွေသုံးပြီး အဲ့ဒီလူယုတ်မာကို တရားစွဲကြစို့! အမှုမှာနိုင်ရင် အမေတို့ ငွေပြန်ရမှာလို့ ကြားဖူးတယ်။ အဲ့တာဆို ဒီငွေကို သမီးရဲ့ ကျူရှင်စရိတ်အတွက် သိမ်းထားပေးလို့ရတယ်!။ သမီး ခက်ခက်ခဲခဲ ကြိုးစားနေစရာ မလိုတော့ဘူး!"

"အင်း!" မိုရှစ်ယွင်ရဲ့ မျက်နှာပေါ်က မှိုင်းမှိုင်းပျပျ မျက်နှာထားလည်း ရှင်းလင်းသွားခဲ့လေပြီ။ "သမီးအလုပ်ရတာနဲ့ ငွေပြန်ဆပ်ပါ့မယ်!"

သားအမိနှစ်ယောက် စကားပြောပြောပြီးချင်း မိုရှစ်ယွင်က ချွေ့ယီကျန်းကို ဆက်သွယ်လိုက်ပါသည်။ အခု ပြဿနာ ဖြေရှင်းဖို့ သူမမှာ ငွေရှိသွားပါပြီ။

သူမအမေချေးထားတဲ့ ငွေနဲ့ဆို အခုလုပ်ဖို့လိုတာဆိုလို့ စိတ်ချရတဲ့ ရှေ့နေတစ်ယောက်ငှားဖို့သာ လိုတော့သည်။ ရှေ့နေက ကွာရှင်းပြတ်စဲမှု ချောချောမွေ့မွေ့ဖြစ်သွားအောင် လုပ်ပေးနိုင်ပါလိမ့်မည်။

ကွာရှင်းပြတ်စဲမှု အောင်မြင်နိုင်ချေက အလွန်မြင့်ပါသည်။ ဟဲကျမ့်ကျွန်းနဲ့ မိုဟွေ့ချင်းတို့ သီးခြားနေနေကြတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကြောင်း သက်သေ လုံလုံလောက်လောက်ပြပေးနိုင်ပါက တရားရုံးကို ကွာရှင်းပြတ်စဲခွင့် တောင်းခံဖို့ လုံလောက်ပါပြီ။ ထို့အပြင် ဟဲကျမ့်ကျွန်းကလည်း အဖေတစ်ယောက်အနေနဲ့ ဘာတာဝန်မှ ကျေခဲ့သူ မဟုတ်ပေ။

ထို့အပြင် ဟဲကျမ့်ကျွန်းမှာ ရှေ့နေကောင်းငှားဖို့တောင် ငွေမရှိလောက်ပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now