"မင်းတို့နှစ်ယောက် ငယ်ငယ်လေးကတည်းက မင်းညီမကို ငါတို့ပိုပြီး အလိုလိုက်ခဲ့တာ ငါတို့သိတယ်။ လက်ဆောင်တွေ ရွေးပေးတဲ့ အခါကျရင်လည်း သူ့အတွက်ပဲ အရင်ဆုံးရွေးပေးတယ်။ ဒါပေမယ့် ပြဿနာကြီးကြီးမားမားနဲ့ ပတ်သတ်လာရင် ဘယ်တုန်းက ငါတို့ မင်းကို မဟုတ်တာ လုပ်ဖူးလို့လဲ!"
မိသားစု တစ်စုလုံးရှေ့မှာ ကျမ့်ယွင်နော်ကို အဘိုးကျမ့် ဆုံးမလေသည်။ သို့သော်လည်း တခြားဘယ်မိသားစုဝင်မှ ဝင်မပြောရဲကြပေ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အဘိုးကျမ့် သည်းခံစိတ် ကုန်လွန်သွားမည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပါ။
ကျမ့်မိသားစု ဦးစီးတစ်ယောက်အနေနဲ့ သူ့သားသမီးတွေနဲ့ မြေးတွေကို အတိုင်းအတာတစ်ခုအထိတော့ အရူးလုပ်ခွင့်ပေးထားသည်။ အမှားလုပ်မိလည်း ကိစ္စမရှိပေ။
သို့သော် အဘိုးကျမ့်မှာလည်း တင်းတင်းကြပ်ကြပ် စွဲကိုင်ထားသည့် ခံယူချက်များ ရှိပါသည်။ မလိုက်နာတဲ့ လူတိုင်းကို သူသည်းခံမှာ မဟုတ်ပါ။
အရေးအကြီးဆုံးက ဒီနှစ်ပေါင်းများစွာအတွင်း ကျမ့်မိသားစုကို သာယာစေခဲ့တာ မိသားစုအတွင်းရှိ စည်းလုံးညီညွတ်မှုကြောင့် ဖြစ်သည်။
ကျမ့်ယွင်နော်ရဲ့ အပြုအမူက အဘိုးကျမ့်ရဲ့ စည်းကမ်းနဲ့ မကိုက်ညီပေ။
ကျမ့်ယွင်နော် လုံးဝ တုန်လှုပ်သွားပြီး ကြက်သေသေသွားပါသည်။
ဒါတွေ အဆုံးသတ်ဖို့ အချိန်ကျပြီဖြစ်မှန်း အဘွားကျမ့် သိပါသည်။ ဒီပြဿနာကို ထပ်ပြီး ကြီးမသွားစေချင်ပါ။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ အဘိုးကြီးကျမ့်၊ ယွင်နော်က ဒီတိုင်း နည်းနည်းစိတ်ရှုပ်သွားလို့ပါ။ စကားကောင်းကောင်း ပြောရင် နားလည်မှာပါ။ အဲ့လောက်ကြီး ဒေါသထွက်ဖို့ မလိုပါဘူး။ သွေးတွေလည်း တက်နေပါဦးမယ်"
ဒီလိုအချိန်မျိုးမှာ စကားဝင်ပြောရဲတာဆိုလို့ အဘွားကျမ့်သာ ရှိပါသည်။
ထို့နောက် အဘွားကျမ့်က ကျမ့်ယွင်နော်ကို လှည့်ပြောလိုက်ပါသည်။ "ယွင်နော်။ သားအဘိုးရဲ့ စကားတွေက နည်းနည်းကြမ်းတမ်းတယ် ဆိုရင်တောင် အဓိပ္ပာယ်ရှိတယ်။ ယုကျဲဝတ်ထားတာကို ကြည့်လိုက်။ ယွင်ချန်းနဲ့ အတူတူပဲ မဟုတ်ဘူးလား။ သားသူငယ်ချင်းပေးထားတာဆိုရင် ဘယ်လိုလုပ် တူနိုင်မှာလဲ။ သားသူငယ်ချင်းက ယွင်ချန်းကို ဆွယ်တာပေးတယ်ဆိုရင်တောင် ယုကျဲကိုပါ ဘာလို့ ပေးရမှာလဲ။ ဘွားဘွားပြောတာ မယုံရင် ယုကျဲကို မေးကြည့်လိုက်ပါလား"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...