အခန်း(၁၄၆) ယုကျဲ လူနာသတင်းလာမေးခြင်း

2.1K 180 2
                                    


ချန်းယွီနဲ့ လောင်ရွှေအန်းတို့ ဟုံပိုင်ကျန်းနဲ့ ဆေးဝါး Caseများကို ဆွေးနွေးပြီးနောက် ကျမ့်ယိလင်လေးရဲ့ လူနာခန်းထဲ ပြန်လာခဲ့ကြသည်။

အခန်းထဲဝင်လာတာနဲ့ လူတွေထပ်ရောက်နေကြမှန်း မြင်လိုက်ရ၏။

ဆွဲဆောင်မှုအရဆို ဆိုဖာပေါ် အပျင်းကြီးစွာ မှီနေသည့် လူကလည်း ကျမ့်ယုမင်အောက် မနိမ့်လှပါ။

သို့သော်လည်း လောင်ရွှေအန်းရဲ့ အာရုံကတော့ ကျမ့်ယုမင်ပေါ်မှာပဲ ရှိနေပါသည်။

ကျမ့်ယုမင် မျက်နှာသစ်သွားတိုက်ပြီး သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီးနောက် ပိုစတာတွေထဲကထက်ပင် ပိုကြည့်ကောင်းနေပါသေးသည်။

သူမ အိုင်ဒေါက သူမရှေ့တည့်တည့်မှာ ရှိနေသည်။ လောင်ရွှေအန်းမျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ သူမ အပြုံးက နားရွက်တောင် တက်ချိတ်လောက်သည်။

"အစ်မအန်း အခွင့်အရေးအရယူပြီး ဓာတ်ပုံတွဲရိုက်နော်" ချန်းယွီ တီးတိုးပြောလိုက်သည်။ သူ့ကို လောင်ရွှေအန်း ဘာမှ မလုပ်ခင် ဓာတ်ပုံရိုက်ဖို့ အသိပေးလိုက်ခြင်း ဖြစ်ပါသည်။

လောင်ရွှေအန်းက မိန်းဆန်တဲ့နှလုံးသားမရှိရင် ကြောက်ဖို့ကောင်းသော်လည်း မိန်းမဆန်တဲ့ နှလုံးသားရှိတဲ့အခါ ပိုကြောက်ဖို့ ကောင်းပါသည်။

သူမရဲ့ တုန့်ပြန်မှုကလည်း အတော်လေး နှေးကွေး၏။

"သြော်ဟုတ်သား! ဓာတ်ပုံရိုက်ရမယ်!"

လောင်ရွှေအန်းတစ်ယောက် ကျမ့်ယုမင်နဲ့ ဓာတ်ပုံတူတူတွဲရိုက်ဖို့ ရှေ့တိုးလိုက်ပါသည်။ ဒီတစ်ခေါက်တော့ ကျမ့်ယုမင် မငြင်းတော့ပါ။ ထို့အစား အတော်လေး လိုက်လျောကာ လောင်ရွှေအန်းနဲ့ ဓာတ်ပုံအတူတူ အရိုက်ခံလိုက်ပါသည်။

အိုင်ဒေါဖြစ်သူနဲ့ ဓာတ်ပုံအတူတူ တွဲရိုက်လိုက်ရသောအခါ သူမဖုန်းထဲက ဓာတ်ပုံကိုပဲ လောင်ရွှေအန်း စိုက်ကြည့်နေမိသည်။ သူမ တော်တော်လေးကို ပီတိဖြာနေရပါသည်။

"ဘုရားရေ! ငါ့အိုင်ဒေါနဲ့ ဓာတ်ပုံတစ်ပုံရိုက်လိုက်ရပြီကွ!။ ငါ့အိုင်ဒေါနဲ့ ဓာတ်ပုံရိုက်လိုက်ပြီကွ!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now