အခန်း(၁၅၆) ဟဲယန်ကို အပြစ်ပေးခြင်း (၁)

1.4K 94 0
                                    


ထိုအချိန်တွင် ကျမ့်ယိလင်လေး ဟဲယန်ရဲ့အိမ်ကို ရောက်လာပါသည်။

သူမ တစ်ယောက်တည်း သွားခဲ့ခြင်း ဖြစ်သည်။

ကျမ့်ယိလင်လေး သူမအိမ်ရောက်လာတာကို မြင်တော့ ဟဲယန် အံ့အားသင့်သွားသည်။

သို့သော်လည်း ပြုံးတော့ ပြုံးပြလိုက်ပါသေးသည်။

"ယိလင်လေး ဘာဖြစ်လို့လဲ။ ဆေးရုံမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ဆေးရုံက ထွက်လာတာလဲ။ ဒေါ်လေးဆီကို လာလည်ဖို့ စိတ်ကူးရှိရင်လည်း ကြိုပြောရောပေါ့။ ဒါမှ သမီးလာလည်ဖို့ ပြင်ဆင်ပေးထားလို့ ရမှာ"

"လုံခြုံရေးဗီဒီယိုကို ရှင်ဖွက်ခဲ့တာ"

ကျမ့်ယိလင်လေး လိုရင်းကိုသာ ပြောလိုက်သည်။

"ယိလင်၊ ဘာတွေပြောနေတာလဲ။ ယိလင်ဘာတွေ ပြောနေတာလဲ ဒေါ်လေးနားမလည်ပါလား" ဟဲယန် ရင်ထဲ ဗြောင်းဆန်သွား၏။ သို့သော်လည်း သူမ မျက်နှာကို တည်တည်ငြိမ်ငြိမ်ထားဖို့ ကြိုးစားနေပါသေးသည်။

"ရှင့် WeChat ကိုကြည့်လိုက်ပါဦး"

ဟဲယန်ရဲ့ အိမ်ထဲဝင်မလာခင် ကျမ့်ယိလင်လေး ဟဲယန်ရဲ့ ဖုန်းထဲ ဖိုင်တချို့ ပို့ထားခဲ့ပါသည်။

ခုနက ဟဲယန် အလုပ်များနေသဖြင့် သူမဖုန်းကို ဖွင့်ပြီး မက်ဆေ့ကို ကြည့်ဖို့ အချိန်မရခဲ့ပေ။

ကျမ့်ယိလင်လေးရဲ့စကားကို ကြားသောအခါ ဟဲယန် သံသယကြီးစွာဖြင့် ဖုန်းကို ဖွင့်လိုက်ပါသည်။

သူမက ကျမ့်ယိလင်လေးနဲ့ WeChat မှာ Friend ဖြစ်သည်။ အစောပိုင်းတုန်းက ကျမ့်ယိလင်လေး သူမကို Friend add ထားခြင်း ဖြစ်ပါသည်။

ဟဲယန် မဖတ်ရသေးတဲ့ မက်ဆေ့ကို ဖွင့်ကြည့်လိုက်တော့ ဗီဒီယို ၂ ပုဒ်နဲ့ ဓာတ်ပုံ ၁ ပုံကို မြင်လိုက်ရသည်။ သူမမျက်နှာပေါ်က အပြုံး တဖြည်းဖြည်းနဲ့ လွင့်ပြယ်သွားပါသည်။

ကျမ့်ယိလင်က ဟိုတယ်စာရင်း ဓာတ်ပုံကို ပို့ထားသည်။ ဟိုတယ်လုံခြုံရေးမှတ်တမ်း တာဝန်ရှိသူရဲ့ ဝန်ခံချက် ဗီဒီယိုကိုလည်း ပို့ထားသည်။ နောက်ဗီဒီယိုတစ်ပုဒ်က မနေ့ညက ဟဲယန်နဲ့ ကျမ့်ယုကျဲတို့ရဲ့ စကားများရန်ဖြစ်မှုဗီဒီယို ဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now