002
မြို့နယ် A
First hospital
6ထပ်မြောက် အထူးလူနာစောင့်ကြည့်ဆောင်
အခန်းနံပါတ်608 အပြင်မှာ ....
သတင်းထောက်နဲ့ ဓါတ်ပုံဆရာတစုက microphone နဲ့ camera တွေကိုယ်စီနဲ့ အထူးစောင့်ကြပ်လူနာဆောင်ခန်းထဲက လူနာဖြစ်တဲ့ --ကျင်ချိုးဟန် ဘက်ကို လှည့်ထားကြတယ် ။
ဒီနေ့ မနက် ၊ channel အသီးသီးနှင့် magazine တိုက်တွေအားလုံး သတင်းတခုရရှိလိုက်တယ် ၊ ကျင်ချိုးဟန် နိုင်ငံအတွင်းသို့ ပြန်ရောက်နေပြီဖြစ်ပြီး ဆေးကုသမူခံယူနေတဲ့ ဆေးရုံက First Hospital ဖြစ်တယ် ! ဒီသတင်းကြောင့် သတင်းထောက်တွေအားလုံး ပြေးပြေးလွှားလွှားလာခဲ့ကြပြီး ပထမဆုံးသတင်းအချက်အလက်ရသူဖြစ်ဖို့ မျှော်လင့်နေကြတယ် !
ဒါက ရုပ်ရှင်လောကရဲ့ အကြီးဆုံးသတင်းပဲ ! ဘယ်သူမှ နောက်ကျမခံချင်ကြဘူး ၊ သူများ သတင်းဦးလုသွားမှာစိုးတယ်လေ ၊ သတင်းထောက်တွေ တိုးဝှေ့နေကြတယ်၊ သူတို့တွေ သတင်းမရမှာ စိုးလို့ သူတို့ရဲ့လက်တွေ ဒီထက်ပိုထပ်ရှည်ချင်တယ် ၊အရပ်တွေ ပိုမြင့်ချင်တယ် အသံတွေပိုကျယ်နေတယ် ၊မေးခွန်းတွေ ပိုထိရောက်ချင်နေကြတယ် ။
" သခင်လေးစူး , ကျင်ချိုးဟန် တိုက်ခိုက်ခံရပြီး ဆေးရုံတက်ခဲ့ရတော့ bu bu jie lang ရုပ်ရှင်ဇာတ်ကားကို နားလိုက်တော့မှာလား ? "
" သခင်လေးစူး ၊ ကျင်ချိုးဟန်ရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ ? အမြန်ဆုံးကောင်းနိုင်ပါ့မလား ? "
" သခင်လေးစူး ၊ bu bu jie lang ရုပ်ရှင်ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်ကျင်ချိုးဟန်ကို Shine ကုမ္ပဏီက ပြောင်းဖို့ စဉ်းစားကြမှာလား ?
" သခင်လေးစူး..... ၊"
" သခင်လေးစူး...... ၊"
စူးယီမော့ က ဒီမေးခွန်းတွေကို သူ့ရဲ့ အတွင်းရေးမှူးကို သာ ဖြေစေလိုက်ပြီး အထူးကြပ်မတ်လူနာကုသဆောင်ထဲ လှဲနေတဲ့သူဖက်ကို လှည့်လိုက်တယ် ။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်