133

414 61 2
                                    

  086

     တခါမှမရှိခဲ့ဖူးတဲ့ ကြောက်လန့်ခြင်းတွေ လန်ခွန်းရင်ထဲ ပေါက်ဖွားလာကာ ဒီတခေါက်တော့ သူရှူံးနိမ့်တော့မယ် လို့ သူသတိထားမိလိုက်တယ် ၊ မေတ္တာပိုင်းမှာ .....စူးယီမော့ကို ရှူံးနိမ့်တော့မယ်......

 Laptop ကို ပြန်ပိတ်ချလိုက်ပြီး လန်ခွန်း မျက်လုံးမှိတ်ချလိုက်တယ် ။

  အတော်ကြာမှ မျက်လုံးကို ဖြတ်ကနဲဖွင့်လိုက်ပြီး မျက်လုံးထဲကနေ အလင်းတွေ ဖြာထွက်နေတယ် ---သူ မကျေနပ်နေဘူး !

  ဒီလိုပဲ လက်လွှတ်လိုက်ရမှာကို သူ မကျေနပ်ဘူး ! ကိုယ့် လေးစားကာသဘောကျရတဲ့သူကို မနည်းတွေ့ထားရတာ ၊ ပြီးတော့ သူက ကိုယ့်နဲ့ ပုခုံးချင်းယှဥ်ပြီးအမြင့်ဆုံးမှာ ရပ်နိုင်သူလေ သူဘာလို့ အလွယ်တကူလက်လျော့ရမှာလဲ !

  လျန်ဖုံးကေား ၊ တရက်ရက်တော့ မင်းကို ကိုယ်ပိုင်ဆိုင်ရမှာပါ !

 ဘယ်လိုပဲဖြစ်ဖြစ် .....အထူးနည်းလမ်းသုံးရရင်တောင်မှပေါ့ !

  လန်ခွန်း ဒါကို စဉ်းစားမိတာနဲ့  ရှေ့နှစ်ရက်က ကျင်ချိုးဟန်နဲ့ ဆက်နွယ်မှုကို စဉ်းစားမိပြန်တယ် ၊ သူပြောတာက ...သူ့ (ကျင်ချိုးဟန်)လက်ထဲမှာ စူးယီမော့ထံက စုဆောင်းထားတဲ့ စွန်ရဲလိုက်အဖွဲ့အစည်းရဲ့ အချက်အလက်တွေရှိတယ်တဲ့.....

  ကိုယ်က လျန်ဖုံးကေားကို မထိခိုက်စေချင်တာကြောင့် ကျင်ချိုးဟန်နဲ့ ပူးပေါင်းဖို့ကို ငြင်းဆန်ခဲ့တယ် ၊ ဒါပေမဲ့ ဒီအချက်အလက်တွေကို ကောင်းကောင်းအသုံးချနိုင်ရင်  လျန်ဖုံးကေားကို ဆွယ်လာလို့ရမယ် ။ ကိုယ်သာ ကောင်းကောင်းအစီအစဉ်ချနိုင်ရင် .....

  ဒါကို စဉ်းစားမိတာနဲ့ မျက်လုံးတွေ မှေးချသွာကာ အန္တရယ်ရိပ်တွေ တက်လာတော့တယ် ။

  အကြံရပြီးတာနဲ့ လန်ခွန်းရဲ့ စိတ်အတော် သက်သာသွားကာ ခဏဆက်ထိုင်နေပြီးမှ အိမ်မှာ ကောင်ကလေးတဦး ကိုယ့်အခန်းထဲမှာ စာအုပ်‌တွေစီနေသေးတာ သတိရလိုက်ပြီး ထရပ်ကာ သူ့အခန်းထဲကို ပြန်သွားလိုက်တယ် ။

လူစားထိုးWhere stories live. Discover now