015

605 101 3
                                    


  015
     လျန်ဖုံးကေားရဲ့ အစကဖြေလျော့ထားတဲ့ ကြွက်သားတွေ ဆတ်ကနဲတင်းကြပ်သွားတာကို ခံစားမိလိုက်တဲ့ စူးယီမော့ က ဆွဲနေတာကို ရပ်လိုက်ပြီး။
" ဘာဖြစ်လို့လဲ ? "

  " ....ဘာမှမဟုတ်ပါဘူး , ဆက်ဆွဲပါ ! "
လျန်ဖုန်းကော ကိုယ်ကို ပြန်ဖြေလျော့ချလိုက်ပေမဲ့ မျက်လုံးအကြည့်ကတော့ စူးရှနေတယ် ။
  ဒီကျင်ချိုးဟန်က ...ဟိုလူနဲ့ ပတ်သက်မှု ...ရှိနေတာလား ?
  
      သဘောတရားအရဆို စူးယီမော့ရဲ့ အတွေ့အကြုံ ၊ပါဝါနဲ့ဆို ဒီဆေးမှင်ကြောင်က ဘာကိုကိုယ်စားပြုလည်း သိနေလောက်တယ်၊ ဒါဆို .....သူက တမင်ကို ဆေးမှင်ကြောင်ရဲ့ လာရာကို တမင်လစ်လျုရူခဲ့တာလား ? ကျင်ချိုးဟန်ကို သိပ်ချစ်တာမို့ ...သူ့ရဲ့ အရာအားလုံးကို လက်ခံထားတာလား ?
  
    " မင်းနဲ့ ကျင်ချိုးဟန်က ...ဘယ်လိုဆုံတွေ့တာလဲ ? "
လျန်ဖုန်းကေားက မတော်တဆမေးမိသလို မေးလိုက်ကာ နားကစွင့်လိုက်တယ် ။
  " ဘာလို့ ဒါကိုမေးတာလဲ ? မင်း အရမ်းသိချင်တာလား ? "
စူးယီမော့ရဲ့ စုတ်တံခဏတန့်သွားပြီးနောက် အာရုံစူးစိုက်ကာအရောင်ဖြည့်တော့တယ် ။

  " ဒါက လူစားထိုးတဦး နားလည်ရမဲ့ကိစ္စလေ ၊ ငါတို့ဘယ်လိုသိတာလဲ လို့ မေးလာတဲ့သူရှိရင် ငါမသိဘူးလို့ ပြောရမှာလား ? " လျန်ဖုန်းကေားက အကြောင်းပြချက် ရှာပေးတော့တယ် ။

  စူးယီမော့ အသံတိုးဖြင့် တချက်ဟွန့်လိုက်ပြီး
" မင်း သူ့ကို တခါတည်း ပြောလိုက်လို့ရတယ် ---ဘာမှပြောပြစရာမရှိ "

   " ‌အင်း , မင်းရဲ့ စတိုင် အစစ် "
  
      အမှန်တော့ လူစားထိုးဖြစ်တဲ့ လျန်ဖုန်းကေားက သရုပ်ဆောင်ရသူရဲ့ မသိရသေးတဲ့အကြောင်းကို ဘယ်လိုဖြေရှင်းရမလဲ သိတာပေါ့ ၊ ပြောရရင်တော့ " ဒါက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ ခင်ဗျား မေးခွင့်မရှိပါဘူး " အားနာပါတယ် ၊ ကျနော်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို တခြားသူတွေ သိပ်မပါစေချင်ဘူး " အကယ်၍ ကျနော့်ကို အရမ်းနားလည်ချင်ရင် ကျနော်ရဲ့ သီးသန့်အင်တာဗျုးတွေကို နားထောင်ပါ " ဆိုတဲ့ လျှောချတဲ့စကားတွေရှိတယ်လေ ။

လူစားထိုးWhere stories live. Discover now