136

348 51 4
                                    

  089

    ဒီစကားကို ပြောထွက်လိုက်တဲ့အခါ စူးယီမော့ရဲ့ မျက်နှာထားသည် ညစ်ညူးနေရာကနေ ဒေါသရိပ်သန်းသွားပြီး
လျန်ဖုံးကေားကို မျက်ခုံးပင့်ကာ ကြည့်ရင်း အံ့ကြိတ်လျှက်
   " မသွားရဘူး ! "

  ဒီကောင်လေးက ဆွေးနွေးတဲ့ လေသံနဲ့ကို လန်ခွန်းနားသွားဖို့ အကြံကို‌ပြောနေသေးတာ ၊ ‌စိတ်တိုလွန်းလို့ သေတော့မယ် !

  သူက လန်ခွန်းနဲ့ ဆက်ဆံရမှာ မကြိုက်ဘူးမလား ? လန်ခွန်းကို ရှောင်ဖို့အတွက် အဖေတူအမေကွဲ အန်းမုကိုတောင် ကိုကြီးအဖြစ် ပြန်တော်လိုက်ပြီမလား ၊ ကိုယ့်ကိုပါ ဒိုင်းကာအဖြစ်တောင် ဆွဲထုတ်ခဲ့တာမလား .... လန်ခွန်းကို မနည်း နောက်ဆုတ်အောင် ကြိုးစားခဲ့တာ အခုတော့ ကိုယ်တိုင် သွားချဉ်းကပ်အုံးမယ် !

  တကယ့်ကို.....တကယ့်ကို တွေးပေးတတ်တယ် !

 ---ဒါပေမဲ့ ဒီလိုတွေးပေးတတ်တာကို , ကိုယ်က တစက်မှ မရချင်ဘူး !

  စူးယီမော့ရဲ့ စိတ်ဆိုးခြင်းကို ပြောင်းသွားတဲ့ မျက်နှာကို လျန်ဖုံးကေားကြည့်ရင်း ကိုယ့်ကို သူစိတ်ပူနေတာ သိတယ်လေ ၊ ဒါပေမဲ့ အဲ့ဒီအချက်အလက်တွေက ပြန်မယူလာရင် စူးယီမော့ ဆုံးရှူံးမှု ကြီးမားလိမ့်မယ်  .....

 " ဒါပေမဲ့ ....."
  လျန်ဖုံးကေား ပြောတာပင် မဆုံးသေး စူးယီမော့က ဆွဲခေါ်ကာ အားထည့်နမ်းလိုက်လေတယ် ၊ သွက်လက်တဲ့လျှာကို ထိုးဝင်ကာ နမ်းနေပြီး လျန်ဖုံးကေား မခံနိုင်တော့မှ လွှတ်ပေးလိုက်ရင်း စူးယီမော့ စိတ်ဆိုးစွာဖြင့်

   " ဒါပေမဲ့ ဘာလဲ ?  မင်း ကိုယ့်အတွက်နဲ့ ဒုက္ခတောထဲဝင်မှာကို ကိုယ်က မမြင်ချင်ဆုံးပဲ ဆိုတာ မင်းမသိဘူးလား ? ငယ်တုန်းက မင်းကိုယ့်အတွက်နဲ့  အန္တရယ်တွေနဲ့ ထိပ်တိုက်ကြုံခဲ့ရတယ် ! ငါတို့ရေခြားမြေခြား ခွဲခဲ့ရပြီးပြီ ၊မင်းသေပြီ လို့တောင် ကိုယ်ထင်ခဲ့လို့ နှစ်ပေါင်းများစွာ ကိုယ်နာကျင်ခဲ့ရတာလေ မင်းလည်း ဒီကိစ္စကြောင့် ဆက်စပ်ပြီး ဟိုဟိုဒီဒီ‌နဲ့ သိမ်ငယ်ရတာတွေ နှိပ်စက်ခြင်းတွေ မနည်း ခံခဲ့ရတယ်လေ ! ရှေ့တခေါက်က ကိုယ့်အတွက်နဲ့ အဆိပ်သွားစမ်းတာ သေတော့မလို့လေ ! အခုလည်း ပေါ့ပေါ့ပါးပါးကိစ္စလိုမျိုး ကိုယ့်အတွက်အချက်အလက်ပြန်ယူပေးမယ်လို့ ပြောနေရသေးသလား ?! ကိုယ့်မှာ မင်းကြောင့် ရူးတော့မယ် သိရဲ့လား ? ကိုယ့် City C ရဲ့ လက်နက်အရောင်းအဝယ်ကို အဆုံးရှူံးသာခံလိုက်မယ် ! မင်းကို တခုခုဖြစ်စေဖို့တောင် ခွင့်မပြုနိုင်ဘူး ! "
  
      စူးယီမော့ရဲ့လေသံက ဒေါသအပြည့်ဖြစ်နေပြီး စကားလုံးတွေကလည်း ထိရှတယ်လေ ၊ ဒါပေမဲ့ လျန်ဖုံးကောကတော့ ထိုထဲက စိတ်ပူခြင်းနဲ့ ကိုယ့်ကို အပြစ်တင်နေခြင်းကို သတိထားမိလိုက်တယ်လေ ၊ ပြီးတော့ အတွင်းစိတ်ထဲ နှစ်ပေါင်းများစွာရှိနေတဲ့ နာကျင်မှု နောင်တရမှုတွေပေါ့ ။
  
    ဒါပေမဲ့ စူးယီမော့ ဒီလောက်ထိ ယုံကြည်ခိုင်မာစွာနဲ့ စိတ်ရင်းကိုချပြတာ မြင်ရတော့လည်း မဆိုးပါဘူး ။

လူစားထိုးWhere stories live. Discover now