129

455 72 1
                                    

  082

      City A
  
      အခု ကျင်ချိုးဟန်ကို သရုပ်ဆောင်လောကက‌နေ ဖယ်ထုတ်ခံရလိုက်တဲ့ ကိစ္စကို သတင်းဌာနတွေက အတော့်ကို ကြေညာပြီးပြီလေ ။

  လန်ခွန်း TVဖန်သားပြင်ကို ပိတ်လိုက်ပြီး စားပွဲပေါ်က ဝိုင်နီကို ပင့်ကာ အနောက်ကဆိုဖာပေါ်မှီချလိုက်ပြီး တငုံငုံလိုက်လေတယ် ။

  ရှေ့ရက်တွေက ကျင်ချိုးဟန် သူ့ကိုဖုန်းဆက်ခဲ့တယ် အရေးကြီးတဲ့ အချက်အလက်ပေးစရာရှိတယ် ၊ ဒါပေမဲ့ အပေးအယူရှိတယ် ၊ လန်ခွန်းက တန်ဖိုးရှိတဲ့ ပစ္စည်းနဲ့ လဲမှရမယ်တဲ့ ။

  ရှင်းရှင်းပြောရရင်တော့ သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက ရိုးရိုးအလုပ်ရှင်နှင့် လက်အောက်ငယ်သား ပတ်သက်မှု မဟုတ်ပါ ၊ အချင်းချင်း အသုံးချခြင်း ပတ်သက်မှုသာဖြစ်ပါတယ်။

  ကျင်ချိုးဟန် ဆိုတဲ့ ဒီလူက လောဘကြီးသူပါ ၊ သူက စွန်ရဲလိုက်အဖွဲ့ရဲ့ လောင်တကိုလည်း သူ့(စူးယီမော့ကို အနည်းငယ်ရှိန်စေချင်ရုံသာမက အမဲလိုက်စွန်အဖွဲ့ရဲ့ လောင်တကိုလည်း သူ့(စူးယီမော့) ကို ကာကွယ်စောင့်ရှောက်စေချင်သေးတယ်လေ ၊ သူလိုချင်နေပုံက win win အနေအထားပေါ့ ။
  
     ဒါပေမဲ့ လန်ခွန်း ကိစ္စတွေကို ပြတ်ပြတ်သားသားလုပ်တတ်လေ့ရှိပြီး ဝင့်ဝင့်ထည်ထည်နေတတ်ကာ ဩဇာညောင်းသည် ။ စူးယီမော့ကတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်ပြီး သိုဝှက်တတ်ကာ မတွေးမိနိုင်သော လမ်းကြောင်းကို ရှာတတ်တယ် ။ နှစ်ယောက်လုံးရဲ့ အကျင့်က မတူတာကြောင့် ကျင်ချိုးဟန်က နှစ်ယောက်လုံးအပေါ် ဆက်ဆံပုံကလည်း မတူဘူးလေ ။

  လန်ခွန်းအပေါ်တော့ သူက ကြောက်ရွံခြင်းက ၇ပုံဆို ရိုသေခြင်းက ၃ပုံ ၊ စူးယီမော့ အပေါ်တော့ သူက မြူဆွယ်ခြင်းက ၇ပုံဆို အသုံးချခြင်းက သုံးပုံပါ ။

      ဒါပေမဲ့ ၊ အခု လန်ခွန်းက စူးယီမော့ ကို ထိပ်တိုက်တွေ့ခြင်းဖြင့်လျန်ဖုံးကေားကို မထိခိုက်စေချင်ဘူး ၊ ဒါ့ကြောင့် ကျင်ချိုးဟန်ပေးတဲ့ အချက်အလက်ကို ဆက်မယူဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ လုပ်ချင်တဲ့ကိစ္စကို မမှန်တဲ့လမ်းကြောင်းက သတင်းအချက်အလက်မယူလည်း လုပ်နိုင်တယ်လေ ။

လူစားထိုးWhere stories live. Discover now