114 brothers love

449 56 1
                                    

114
   67

    " အန်းချန်...."
အန်းချန် အတင်းကို ပြန်ပြောခြင်းနှင့် သေချာနေတဲ့စကားကို နားထောင်ပြီး အန်းမု ခေါင်းလည်းကိုက် ၊ မတတ်သာစွာ သက်ပြင်းချရင်း
   " ငါက မင်းအစ်ကို  .....မင်း ငါ့ကို နှစ်သက်တာက ...ဒါက လောကကျင့်ဝတ်နဲ့ မညီဘူး ..."

  " အဲ့ဒါဘာဖြစ်လဲ ! "
  အန်းချန် ဂရုမစိုက်သလို ပြောတယ်
  " ငါတို့က ယောက်ျားလေးတွေလေ နောက်မျိုးဆက်တွေ  စဉ်းစားစရာမလိုဘူး ၊ ညီအစ်ကို ဖြစ်လည်း ဘာဖြစ်လဲ ? "

  " မင်းလည်း ပြောတယ် , နောက်မျိုးဆက် နောက်မျိုးဆက် ပြဿနာလေ မင်းက အန်းအိမ်ကို မျိုးဆက်ပြတ်စေချင်တာလား ? "
  အန်းမုက နည်းလမ်းကျကျဖြင့် လမ်းပြပေးချင်နေတယ် ။

  အန်းချန် မထီမဲ့မြင်ဖြင့်
   " အန်းလော့နဲ့ အန်းရှင်း တို့ ရှိသေးတယ်မဟုတ်လား ? သူတို့ နှစ်ယောက် မျိုးဆက်ပြန့်ပွားရင်လုံလောက်ပြီ ! "

  " မင်း ---မင်းပြောလို့ကို မရဘူး ! "
  အမ်းမုစိတ်တိုစွာ ထရပ်လိုက်ပြီး
  " ဘာလို့ မင်းဒီလောက်ခေါင်းမာနေရတာလဲ ! "

 " ငါ မင်းကိုချစ်မိနေပြီ ၊ ခေါင်းမမာရင် ဘယ်လိုလုပ်ရမှာလဲ ? "
အန်းချန်အံကိုကြိတ်ကာ
" ငါ သေသွားမှ မဟုတ်ရင် မင်းကို မချစ်ဖို့ နည်းလမ်းမရှိဘူး ...."

  " မင်း---"
အမြဲနွေးထွေးနေတတ်တဲ့ အန်းမုတောင် ဒေါသထွက်လေပြီ
  " မင်း ဒါဘာသဘောလဲ ! ငါ့ကို ခြိမ်းခြောက်တာလား ?"

  အန်းချန်လည်း စိတ်ဆိုးကာ ချောင်းဆိုးရင်း ပြောတယ်
  " မင်း ငါ့ကို မနှစ်သက်လို့ရတယ် ၊ မင်း ငါ့ကို အမြင်ကတ်လို့ရတယ် ၊ ဒါပေမဲ့ ငါ မင်းကို နှစ်သက်တာကို တားဆီးလို့မရဘူး ..."

        " ငါ အသက်ငယ်သေးလို့ အချစ်ကို နားမလည်ဘူးလို့ မင်းပြောတယ် ၊ ငါ တက္ကသိုလ်မပြီးသေးလို့ ကိုယ့်ကို မရပ်တည်နိုင်ဘူး အချစ်အတွက်တာဝန်မယူနိုင်ဘူးလို့ မင်းပြောတယ် ၊ ဒါပေမဲ့ ငါ တက္ကသိုလ်ဒုတိယနှစ်ကတည်းက စီးပွားရေးလောကထဲဝင်နေပြီ မင်း ငါ့လက်ထဲခွဲဝေထည့်ပေးတဲ့ ကုမ္ပဏီတွေကိုလည်း ကောင်းအောင် သေချာအုပ်ချုပ်နေနိုင်ပြီ "

လူစားထိုးWhere stories live. Discover now