138

341 53 3
                                    


  091

      အခန်းထဲမှာ နာရီဝက်ခန့် လှုပ်ရှားပြီးကြမှ လျန်ဖုံးကေားသည် လွတ်မြောက်ကာ အောက်ထပ်သွားပြီး ရေချိုးခွင့်ရလေတယ် ။

  ရေချိုးသန့်စင်ပြီး‌ အပေါ်ထပ်တက်ချိန်မှ စူးယီမော့က ခပ်ဖြေးဖြေးဆင်းလာခဲ့တယ် ၊  လျန်ဖုံးကေားကို မြင်တာနဲ့ ကြည့်နေတဲ့အကြည့်က ချစ်ရိပ်တွေကအပြည့်ပဲလေ ။

  လျန်ဖုံးကေားသူ့ကို မျက်စောင်းတချက်ထိုးပြီးမှ အခန်းထဲပြန်ကာ အဝတ်လဲလေတော့တယ် ။

  ဝတ်စားဆင်ယင်ပြီး အောက်ဆင်းချိန်တွင် စူးယီမော့လည်း ရေချိုးပြီးကာ အပြည့်အစုံပြင်ဆင်ဝတ်ဆင်ထားပြီလေ ။

  " ပြင်ဆင်ပြီးပြီ ? ဘာလို့ အလုပ်မတက်သေးတာလဲ ? မင်း ကုမ္ပဏီမသွားတာ ရက်အတော်ကြာပြီ ၊ ဦးဆောင်သူ ပုံမမှန်ရင် အောက်လည်း ယိုင်နေမယ်နော် "
  လျန်ဖုံးကေား အဝတ်အစားကို သေချာပြန်ပြင်ပြီး ချိန်ရှီးလန်ကားသော့ကို ယူကာ ကားပြန်ပေးဖို့ ပြင်တော့တယ် ။

  " စိတ်ချ ၊ ကုမ္ပဏီ အဲ့လောက်ကြီးတာ ၊ လုပ်နိုင်သူလည်း မနည်းဘူး ငါ ရက်အနည်းငယ်မသွားတာနဲ့ မပြိုလဲနိုင်ပါဘူး "
   စူးယီမော့ က လျန်ဖုံးကေားနောက်ကနေ ကားဂိုဒေါင်အထိ လိုက်လေတော့တယ် ။

 " မင်း ငါ့နောက် ဘာလိုက်လုပ်တာလဲ ? "
  လျန်ဖုံးကေား မျက်ခုံးပင့်လေပြီ ။

  " ကိုယ် မင်းနဲ့အတူ ကားသွားပြန်ပေးမယ်လေ "
  စူးယီမော့ ဖြေနေတာမှ ရှောရှောရူရူပဲ ။

  " မလိုဘူး ၊ ကိုယ့်ဘာသာကို သွားရင်ရပြီ မင်း လုပ်စရာရှိတာ သွားလုပ် ! "
   လျန်ဖုံးကေားက ရောင်းရင်းနှစ်ယောက်ကို စူးယီမော့ ကိစ္စကို ဘယ်လိုပြောရမယ်မှန်း မသိသေးတော့ သူ့ကို မလိုက်စေချင်ဘူးလေ ။

  " ကိုယ် ဘာမှ လုပ်စရာမရှိဘူး ၊ မင်းနဲ့အတူပဲ လိုက်ချင်တာ ၊ မင်း ကိုယ့်ကို မင်းရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလေ ၊ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် သူတို့နဲ့ မိတ်ဆက်လည်း ရတယ် "
   စူးယီမော့ ခပ်တည်တည်နဲ့ကို ချိန်ရှီးလန်ရဲ့ ပြိုင်ကားကို တက်လိုက်ပြီး လျန်ဖုံးကေား ပြုံးပြကာ
   " တခါတည်း မင်းကို အိမ်ပြောင်းဖို့ ကူညီပေးမယ် ! "
  
     " ငါ အိမ်ပြောင်းမယ်လို့ ဘယ်သူပြောလို့လဲ ? "
လျန်ဖုံးကေား မျက်မှောင်တွေ ပိုကြုတ်သွားတယ် ။

လူစားထိုးWhere stories live. Discover now