135

390 63 2
                                    

  088

     
       စူးယီမော့ကနှုတ်ခမ်းထောင့်ကွေးကာ ချစ်ငွေ့တွေနဲ့ ပြုံးကြည့်နေတာတွေ့တော့ လျန်ဖုံးကေားက သူ့ခါးကို ဖက်ထားတဲ့ လက်ကို ဆွဲဖြုတ်လိုက်ပြီး ရှေ့တက်လျှောက်လိုက်တာကြောင့် ရင်ဘတ်ထဲက လွတ်ထွက်သွားလေတယ် ။
  
       သေချာကြည့်လိုက်တော့ လျန်ဖုံးကေား အောင်မြင်စွာ ငိုင်သွားလေတော့တယ် ။

  --- သူ့ကုတင်နဲ့ ကပ်နေတဲ့နေရာက နံရံမဟုတ်ဘူး ၊ နောက်ထပ်ကုတင်တခုပဲ ၊ အကယ်၍ ကန့်လန့်ကာသာ မကာထားရင် ကုတင်နှစ်ခုက တဆက်တည်းနီးပါးဖြစ်နေတာကို တွေ့ရလိမ့်မယ် ၊ ကုတင်က ဆိုဒ်လည်းအတူတူ ပုံစံလည်း အတူတူဖြစ်နေပြီး အိပ်ရာခင်းနဲ့ စောင်ကအစ တရောင်တည်းမို့ ရုတ်တရက်ကြည့်လိုက်ရင် ကုတင်ဆိုဒ်လွန်လို့ပင် ထင်ချင်စရာဖြစ်နေတယ်.....

  လျန်ဖုန်းကေား ဟိုဘက်အခန်းထဲက အပြင်အဆင်က ‌ထပ်ကြည့်လိုက်တော့ အဲ့ဒါ စူးယီမော့ အခန်းပဲမဟုတ်လား !

  သူက အခန်းကို ဒီလောက်အပေါက်အကျယ်ကြီး ဖောက်လိုက်တာက သူ့ကုတင်နဲ့ ကိုယ်ကုတင်နဲ့ ကပ်ထားဖို့သက်သက်ပဲလား ? အလုပ်မရှိ အလုပ်ရှာနေသလိုပါပဲလား ?

  နှစ်ယောက်သား တကုတင်တည်း အတူတူအိပ်ချင်တယ်ဆိုလည်း မရတာမဟုတ်ဘူးလေ ၊ တခြား ရှုပ်ရှုပ်ယှက်ယှက် ကိစ္စတွေ ဖြေရှင်းလိုက်ရင် ရပြီလေ ဒီလောက်ကလေးဆန်ဆန် လုပ်နေစရာမလိုပါဘူး ။
  ဒါမှမဟုတ် ..... သူက အဲ့ဒီကိစ္စတွေ ဘယ်လိုဖြေရှင်းရမလဲ မသိသေးတာလား ?

 စူးယီမော့ကို ရှုပ်ထွေးနေတဲ့အကြည့်ဖြင့် ခေါင်းလှည့်ကြည့်လိုက်တယ် ။

  စူးယီမော့ကတော့ သဘောပေါက်လွဲသွားတယ် ၊ သူက လျန်ဖုံးကေားအံ့အားသင့်သွားတယ်ထင်ပြီး ‌တကျေနပ်နပ်ဖြင့်
   " ဘယ်လိုလဲ ? အံ့ဩသွားပြီလား ? "

  " ဘာအံ့ဩရမှာလဲ ! မင်းက ဘာသဘောလဲ ! "
  လျန်ဖုံးကေား သူ့ကို မျက်စောင်းတချက်ထိုးလိုက်သည် ။

  " ကိုယ် ဘာသဘောလဲ .....မင်း မသိသေးဘူးလား ? "
စူးယီမော့ ရှေ့တက်ကာ လျန်ဖုံးကေားကို ဖက်ပြီး မျက်နှာအပ်ကာပွတ်သပ်လိုက်ပြီး
   " ကိုယ် ဒီလိုလုပ်တာက မင်းကို လေးစားလို့လေ ၊ မင်းကို အမြန်ဆုံး အရယူချင်ပေမဲ့ ၊ ကိုယ့်အပိုင်ဖြစ်စေချင်ပေမဲ့လည်း မင်းစိတ်ထဲမှာ အဖုအထစ်တွေရှိတာ သိတယ်လေ ၊ ကိုယ်လည်း မင်းကို အတင်းအကျပ်မလုပ်ချင်ဘူး ၊ ဒါပေမဲ့ နောက်တဖက်မှာကိုယ်မင်းကို ပိုင်ဆိုင်ချင်နေမိတာကြောင့် မင်းကို မပိုင်ဆိုင်ရသေးခင် ကိုယ့်စိတ်တွေ ပြာယာခတ်ကာ နေရခက်တာကြောင့် အဆင်ပြေတဲ့နည်းလမ်းကို ရွေးလိုက်ရတာပေါ့ "

လူစားထိုးWhere stories live. Discover now