055
ဒီသေနတ်က ဆိုလိုရင်း သေနတ် မဟုတ်ဘူးလေ ။
* တရုတ်မှာ သေနတ် အသံထွက်နဲ့ လှံဆိုတဲ့ အသံထွက် အတူတူပဲမို့ လှံလို အတန်ရှည်အဖြစ် တွေးနိုင်သည် အဟမ်း အဟမ်း *
ယောက်ျားအချင်းချင်းဆိုတော့ လျန်ဖုံးကေားက လန်ခွန်းရဲ့စကားထဲက အဓိပ္ပာယ်ကို နားလည်တာပေါ့ ၊ သူက လန်ခွန်းလို မျက်နှာ အရေမထူနိုင်ဘူး နားရွက်တွေအထိနီလာပေမဲ့ တမင် ခေါင်းမာမာနဲ့ ပြောရတော့တယ်
" ဟုတ်တယ် ၊ ငါက သေနတ်ကို ကြိုက်တာ၊ ရတဲ့အချိန်ကြရင် မင်းကို ကျည်တတောင့်လောက်ပေးလိုက်ရင် မင်း ဘယ်လို ကြွနိုင်အုံးမလဲ ကြည့်မယ် ! "" လူသတ်တာက ဥပဒေဖောက်ဖျက်တာနော် ! "
သူ နားရွက်ပါ နီလာတာကို လန်ခွန်း ကြည့်ရင်း သဘောတွေကျပြီး ဆက်စလေတယ်
" မင်း ပြောတာတွေ အကြမ်းဖက်လွန်းတယ် ၊ ကိုယ်တို့ နူးညံ့တာလေး ပြောင်းကြမယ်လေ ? ကိုယ် လှံတမျိုးရှိတာသိတယ် အသက်မသေဘူး ၊ လူကိုပဲ နတ်စည်းစိမ်သုခလို ကျေနပ်စေနိုင်တယ် စမ်းကြည့်မလား ? "လျန်ဖုံးကေားအကြည့်တွေ ချက်ချင်း စူးရှလာကာ ကျေနပ်ပြနေတဲ့ လန်ခွန်းကို စိုက်ကြည့်ရင်း
" အော် ? မင်းရဲ့ လှံက ငါ့ရဲ့ ဆက်တိုက်ဆင့်ကန်ချက်တွေ ရှောင်နိုင်မလားတော့ မသိဘူး ? "သူ စိတ်တိုလာတာ မြင်တော့ လန်ခွန်း ဆက်မစတော့ဘူး အမြန် ရယ်ပြရင်း
" ကိုယ် က စတာပါ ၊ စိတ်မဆိုးပါနဲ့ "လျန်ဖုံးကေား အကြည့်တွေ ပြန်သိမ်းရင်း မျက်လုံးပြန်မှိတ်ကာ ပင်ပန်းပုံပြတယ် ။
သူ ဧည်သည်နှင်နေမှန်း လန်ခွန်း သိတာကြောင့် ထရပ်လိုက်ရတယ် ၊ ပြီးနောက် စဉ်းစားလိုက်ရင်း တည်တည်တံ့တံ့ဖြင့်
" ကြည့်ရတာ ဒီရက်ပိုင်း မင်း နေအတော်ပြန်ကောင်းလာပြီဆိုတော့ ငါလည်း စိတ်ချပြီ ။ ဒီပန်းတွေကို ငါ ယူသွားပေးမယ် မင်းလိုချင်တဲ့ Desert Eagle ကိုလည်း ရအောင်နည်းလမ်းရှာပြီး မင်းကို ပေးမယ် မင်း ကောင်းကောင်း အနားယူ၊ နောက်ရက် ထပ်လာကြည့်မယ် "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်