026
လျန်ဖုံးကေား ခွဲစိတ်ဒဏ်ရာကျက်တာနဲ့ စူးယီမော့က သူ့ကို ဆေးရုံက ခေါ်ဆင်းတော့တယ် ။
ဒါပေါ့ ၊ လျန်ဖုံးကေား ဒဏ်ရာကုနေတဲ့ကာလအတွင်း ချိန်ရှီးလန်နဲ့ မီလော့ တို့လည်း သူ့ကို လာကြည့်တာပေါ့ နှစ်ယောက်လုံးကလည်း ဘယ်တဖက် ညာတဖက်နဲ့ သူ့ကို ဆုံးမကြတယ်လေ ၊ ပြီးတော့ အတိုင်အဖောက်ညီစွာနဲ့ တကယ်သိချင်တဲ့ သတင်းပါ လျန်ဖုံးကေား ပါးစပ်ထဲက ရလိုက်တယ်လေ ။
လျန်ဖုံးကေား လက်ခံထားတဲ့ အလုပ်က ကျင်ချိုးဟန်အဖြစ် သရုပ်ဆောင်ရတာ အလုပ်ကာလက တနှစ်ပါ ။ လျန်ဖုံးကေားလည်း သိတယ် ၊ ကျင်ချိုးဟန်က အပေါ်ယံကြည့်ရသလောက် မရိုးရှင်းဘူး သူနဲ့ လန်ခွန်း ပတ်သက်မှုကလည်း သာမန်ပတ်သက်မှုတော့ မဟုတ်လောက်ဘူး ။
ဒီတချက်ကတော့ စူးယီမော့လည်း မသိတာမဟုတ်နိုင်ဘူး။
ဒါပေမဲ့ နှစ်ယောက်လုံးက သိရှိတာကနေ ရင်းနှီးသွားတယ် ရင်းနှီးရာကနေ ချစ်ခင်သွားတယ်ဆိုတာကလည်း မေ့မရတဲ့ ပုံပြင်တွေလည်း ရှိလို့ပေါ့ ။
နေ့စဉ်နေထိုင်ဖြတ်သန်းမှုတွေကနေ ကျင့်သားကျမှုဖြစ်လာပြီး တာဝန်တခုဖြစ်သွားတာလား မပြောတတ်ဘူး။
---အချစ်နဲ့ မဆိုင်ဘူး ။
ဒါပေါ့ ၊ အချစ်ဟုတ်မဟုတ်က ကာယကံရှင်တွေကလွဲ၍ ဘေးကလူတွေ မသိနိုင်ဘူး ။
စူးအိမ်ပြန်ရောက်တာနဲ့ လျန်ဖုံးကေားက ကိုယ့်ရဲ့ ဘူးအစုံပုလင်းအစုံ ယူထုတ်လာပြီး ကျင်ချိုးဟန်မျက်နှာတုတခုလုပ်ပြီး မျက်နှာပေါ် ကပ်ထားလေပြီ ။ ဒီကာလအတွင်း သူတာဝန်မကျေဘူးလေ ကုမ္ပဏီလည်း မသွားနိုင်တဲ့အပြင် ကျင်ချိုးဟန်လိုလည်း သရုပ်မဆောင်နိုင်ဘူး အမြဲတောင် ဆေးရုံတက်နေရပြီး အချိန်တွေမနည်းကုန်သွားတယ် ။
မျက်နှာအတုကို ကပ်ပြီး မကြာခင်မှာပဲ လျန်ဖုန်းကေားနှာခေါင်းနဲ့ သေချာရှူကြည့်လိုက်တယ် ပြီးနောက် မျက်မှောင်ကြုတ်ကာ ရေရွတ်တယ်
" ဘာအနံ့လဲ ဒီလောက်ဆိုးလိုက်တာ ! "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်