003
လျန်ဖုံးကေား လက်ကောက်ဝတ် အနည်းငယ်လှန်လိုက်ချိန်မှာ လက်ပတ်ကနေ ဓါးတိုလေးလက်ဖဝါးထဲကျလာခဲ့တယ် သူ ကိုယ်ကို ဘေးစောင်းပြီး နောက်တလှမ်းဆုတ်ကာ ဓါတ်လှေကားရဲ့ ထောင့်တနေရာမှာ ရပ်နေပြီး ဓါတ်လှေကားရဲ့ အပေါ်ထွက်ပေါက်ကို အာရုံစူးစိုက်ပြီးကြည့်နေတယ် ။" ခလောက် --" ဆိုတဲ့အသံထွက်လာတာနဲ့ အလင်းက ဝင်လာခဲ့တယ် ၊ ထိပ်က ထွက်ပေါက်က ပွင့်လာတယ် ။
လျန်ဖုံးကေား အာရုံစူးစိုက်ကြည့်နေပြီး လက်ဖဝါးက ဓါးတိုက လက်ချောင်းကြားထဲ ညှပ်ထားတယ် လူတယောက်က ဓါတ်လှေကားထဲကို ခေါင်းငုံ့ကြည့်လာချိန်မှာ ရုတ်တရက်တိုက်ခိုက်လိုက်တယ် ---ဓါးတိုလေးက လေတိုးသံနဲ့ အတူ ထိုလူထံကို ပျံသွားတယ် !
မထင်မှတ်ထားတာက အဲ့ဒီလူက အလွယ်တကူရှောင်သွားနိုင်တယ် !
" အားချိုး , ငါပါ ! "
ဒီစကားနဲ့အတူ ထိုလူက ခေါင်းပြန်ထုတ်ပြီး ပြောလာတယ်
" လောင်တက မင်းကို တွေ့ချင်နေတယ် ! "
* တရုတ်လို လောင်တသည် Bigboss ဖြစ်သည် *လျန်ဖုံးကေားစိတ်ထဲကနေ ရေရွတ်မိတယ် , လောင်တ ....ဘာဖြစ်လို့များ....
" မြန်မြန်! ဒီနည်းလမ်းကို ငါမနည်းစဉ်းစားလို့ရမှ မင်းနဲ့ သီးသန့်တွေ့ရတာ ခဏနေ တွေ့သွားလို့ လောင်တ အပြစ်တင်လာရင် ဘယ်သူမှ တာဝန်မယူနိုင်ဘူး ! "
ထိုလူ ပြောပြီး ကြိုးတချောင်း ပစ်ချလာတယ် ။သွားမလား ? မသွားဘူးလား ?
လျန်ဖုံးကေား ကိုယ့်ပညာရပ်မြင့်တာယုံပြီး သတ္တိကောင်းတယ်လေ တခဏစဉ်းစားပြီး ခပ်မြန်မြန်ပဲ ကြိုးကိုဆွဲကာ ဓါတ်လှေကားရဲ့ နံရံကို အားပြုပြီး ထိုလူဆွဲတဲ့နောက်ကို လိုက်တက်သွားတယ် ။ဓါတ်လှေကားထိပ်ရဲ့ အဖုံးကို သေချာပြန်ပိတ်ပြီး ထိုလူက အရှေ့ကနေ လမ်းပြတယ် ပိုက်လမ်းကြောင်းအတိုင်း သွားနေပြီးနောက်တနေရာရောက်တဲ့အချိန်မှာ အချိန်ကိုက်ပဲ ဓါတ်လှေကားရပ်ထားတယ် နှစ်ယောက်သား ဝင်ပြီးတာနဲ့ ထိုလူ မြေအောက်ထပ် သုံးလွှာရဲ့ ခလုတ်ကို နှိပ်ပြီး နောက် ဓါတ်လှေကားရဲ့ အထပ်လွှာပြတဲ့ စကရင်ကို ကြည့်ရင်း ငိုင်နေတယ် ။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်