035လျန်ဖုံးကေား စကားမပြောပဲ စိတ်ထဲကနေ ဒီလူဘယ်သူလဲ ခန့်မှန်းနေမိတယ် ။
အန်းမုက လျန်ဖုံးကေားထက်ခေါင်းနှစ်လုံးမြင့်တာမို့ ကိုယ်လေးညွှတ်ကာ အပြုံးဖြင့်
" ကိုယ်က ကိုကိုနော် ! "
ကိုကို ?
လျန်ဖုံးကေားနှုတ်ခမ်းလေးစေ့ရင်း အန်းမုကို တိတ်တိတ်လေး ကြည့်လိုက်တယ် ၊ သူ့ရဲ့မျက်နှာ နူးညံ့ပြီးခန့်ချောတာပဲ အဖေ့လို မြင့်ထွားခန့်ချောတာမဟုတ်ဘူး ၊ အမေနဲ့တူတာထင်တယ် ?
ဟုတ်သား ၊ မေမေကော ?လျန်ဖုံးကေား ကိုယ်လေးစောင်း လည်ပင်းလေးဆန့်ပြီး ခြံထဲကို မျှော်ကြည့်လိုက်တယ် ဂါဝန်ရှည်နဲ့ ဆံပင်ကောက်ထားတဲ့ အမျိုးသမီးတဦးက ကွက်တိထွက်လာခဲ့တယ် ၊ လျန်ဖုံးကေားကို မြင်တာနဲ့ ခြေလှမ်းခဏတန့်သွားတယ် ၊ စိတ်ထဲကလည်း ဒီကလေး တကယ့်ကို လိမ္မာပြီးချစ်ဖို့ကောင်းတာပဲ.....
နောက်မှ သူမက လျန်ဖုံးကေားရှေ့သို့လျှောက်လာပြီး သူ့ခေါင်းကလေးကို ပွတ်ကာ
" ရန်ရန် ၊ မာမီတောင် မမှတ်မိတော့ဘူးလား ? "လျန်ဖုံးကေား သူမရဲ့ပွတ်သပ်မှုကို ရှောင်ရှားမိကာ သူမကို သတိဖြင့် ကြည့်မိလိုက်တယ် ။
ဘာလို့မှန်းမသိ ဒီအမျိုးသမီးကိုယ်ပေါ်မှာ သူ့အတွက် စိတ်အေးစေတဲ့ခံစားချက်မရှိနေပဲ သူစိမ်းဆိုတဲ့ခံစားချက်ကိုသာ ရနေမိတယ် ။
သူမရဲ့ထိတွေ့မှုကို ရှောင်လိုက်ပေမဲ့ လျန်ဖုံးကေားရဲ့ လက်ကလေးက အန်းမုနောက်ကျောက အင်္ကျီစကို အတင်းအကြပ်ဆုပ်ကိုင်ထားမိတယ်၊ နွေးထွေးတဲ့အန်းမုကိုတော့ အားကိုးမိတယ်လေ ။
အန်းဖခင်က ရှေ့တက်ပြီးပြေလည်အောင် ဝင်ပြောတယ်
" ရန်ရန်က ဆေးရုံက ဆင်းတာနဲ့ လေယာဉ်ပျံစီးထားတာဆိုတော့ ပင်ပန်းလောက်ပြီ၊ သူ့ကို ခဏပေးနားလိုက်ပါအုံး၊ နောက်ကျရင် ပြန်စဉ်းစားမိမှာပါ ၊ အားလုံးအထဲ အရင် ဝင်ရအောင် ! "အန်းမုလည်း လျန်ဖုံးကေားရဲ့လက်ကို ဆွဲပြီး
" ရန်ရန် ၊ ကိုကိုက ညီလေးအခန်းကို လိုက်ပြမယ်ကောင်းလား ? "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်