137 small 🔥

451 50 3
                                    


090

    လျန်ဖုံးကေား ထိုင်နေလို့မရတော့ဘူး ၊ မီးဖိုချောင်ဘက်ကို ထသွားလိုက်တယ် ၊ အနားရောက်မှ စူးယီမော့ရဲ့ လက်မောင်းပေါ်မှာ နှစ်နေရာလောက် နီနေတာတွေ့ပြီး လူကို ရေခဲသေတ္တာနား ဆွဲခေါ်သွားကာ ရေခဲသေတ္တာကိုဖွင့်လိုက်ရင်း စူးယီမော့ရဲ့ လက်ကို ရေခဲသေတ္တာထဲ ‌ထိုးထည့်လိုက်ကာ ရေခဲသေတ္တာတံခါးကို အသေးဆုံးထိ ပိတ်လိုက်ပြီး လက်မောင်းမညှပ်အောင်တော့ ဟထားပေးလေတယ် ။

  " မင်းကို ပြောပြဖူးတယ် မဟုတ်လား ? ရေခဲသေတ္တာထဲထည့် ခဏအအေးခံတာက ပိုအသုံးဝင်တယ်လေ ! "

  " ခဏက ချက်ချင်း မစဉ်းစားမိလိုက်ဘူး ! "
  စူးယီမော့ ရယ်ဟဟပြောလေတယ် ။

  " အပြင်စာ မှာစားလိုက်မယ် ! "
  လျန်ဖုံးကေား အကြံပေးလေတယ် ။

  စူးယီမော့ ခေါင်းခါကာ
     " မလိုပါဘူး ၊ ကိုယ် ခဏနေ သတိထားလိုက်မယ် "
  တန့်သွားပြီး ထပ်ပြောတာက
  " ဒါမှမဟုတ် မင်း ဒီမှာပဲ ကိုယ့်ကို အဖော်ပြုပေးလေ ၊ ဒါဆို ကိုယ် သတိမထားမိတာတွေ သတိပေးလေ ၊ မကောင်းဘူးလား ? "

  လျန်ဖုံးကေား မတတ်သာပုံဖြင့် စူးယီမော့ကို ကြည့်လိုက်တော့ သူက မျှော်လင့်မျက်နှာတွေနဲ့ဖြစ်နေတော့ ဒါနဲ့ပဲ ခေါင်းငြိမ့်လိုက်မိတယ် ။

  စူးယီမော့လည်း လက်မောင်းကို ရေခဲသေတ္တာက ဆွဲထုတ်ကာ ကြည့်လိုက်တော့ အနီတော်တော်ကျသွားပြီမို့ ဟင်းဆက်ချက်လေတယ်.....

  လျန်ဖုံးကေားလည်း ပရိသတ်ပဲ လုပ်နေတာမဟုတ်ပဲ စူးယီမော့ လက်တွေဗျာများနေပြီဆို တချက်လောက်ဝင်ကူညီလိုက်တာကြောင့် ဟင်းတနပ်က စူးယီမော့ရဲ့ ကြိုးစားမှုနဲ့ လျန်ဖုံးကေားရဲ့ ကြီးကြပ်မှုအောက်မှာ ခပ်မြန်မြန်ပဲ ပြီးသွားလေပြီ !

  အကြည့်တော့ သိပ်မလှပေမဲ့ စားလိုက်တော့ အရသာက မဆိုးနေဘူးလေ ။

  ဗိုက်ဝပြီဆိုတော့ လျန်ဖုံးကေား ရေချိုးခန်းထဲ ဝင်လေတော့တယ် ၊ City G ကနေ ဖုန်တလုံးလုံးနဲ့ ပြန်လာပြီး စူးယီမော့နဲ့ အချေအတင် ချေပလိုက် ခေါင်းသုံးလိုက် ပြန်ပြောလိုက်နဲ့ ရေမချိုးရသေးဘူးလေ !

လူစားထိုးWhere stories live. Discover now