025
" အထူးသဖြင့် ဒီမျက်လုံးတစုံက တကယ် တူလွန်းတယ် ၊အော်၊ မဟုတ်ဘူး ၊ တကယ်ကို တပုံစံတည်းပဲ ...."
လျန်ဖုံးကေား မနည်းစိတ်ငြိမ်အောင်ထိန်းထားပြီး ပြုံးကာရှင်းပြတယ်
" ကမ္ဘာမှာလူတွေ အဲ့လောက်များတာ တချို့လူတွေ တူတတ်တာလည်း မဆန်းပါဘူး "လန်ခွန်း စကားထပ်မပြောတော့ဘူး ကိုယ်ကိုမတ်လိုက်ကာ လျန်ဖုံးကေားကို ပြုံးသလိုလို မပြုံးသလိုလိုဖြင့် ငုံ့ကြည့်နေတယ်
လျန်ဖုံးကေားက ပြတင်းပေါက်အပြင်ကနေ လင်းနေပြီဖြစ်သော ကောင်းကင်ကို ငေးကြည့်နေရင်း ရုတ်တရက်သတိလည်လာတယ် ညနေတောင်ရောက်နေပြီပဲ သူထွက်လာတာ တညနဲ့ နေ့တပိုင်းရှိပြီ ၊ မနက်ခင်းအာရုံတုန်းက စူးယီမော့နဲ့ ဆုံလိုက်တယ်ဆိုပေမဲ့လည်း ကိုယ့်က စာချုပ်ဖောက်ဖျက်ထားတာဆိုတော့ ပြန်ပြီး မရှင်းပြရင် ယွမ်သိန်းသုံးရာကတော့ လက်ထဲကပြေးလောက်ပြီ ။ သူ ရုန်းကန်းပြီး ထဖို့ကြိုးစားပေမဲ့ လန်ခွန်းက သူ့ကို တချက်တည်း ဖိထားလိုက်ကာ လေသံက ခပ်ပြတ်ပြတ်ဖြင့်
" မင်းဘာလုပ်တာလဲ ?! "" ငါကိစ္စရှိသေးတယ် ၊ ဒါ့ကြောင့် ဆေးရုံကဆင်းမှ ရမယ် "
လျန်ဖုံးကေား က ဆုံးဖြတ်ချက်ပြတ်သားနေသောအကြည့်နဲ့ လန်ခွန်းအကြည့်နဲ့ ရင်ဆိုင်လိုက်တယ် ။" ဘာကိစ္စက ကျန်းမာရေးထက်ပိုအရေးကြီးလို့လဲ ? "
လန်ခွန်း က လျန်ဖုံးကေားရဲ့ လက်မောင်းကို ဖိထားပြီး တချက်မှမရွေ့ပေးပဲ သူ မျက်ခုံးပင့် လိုက်ပြီး ဆက်ပြောတယ်
" မင်းရဲ့ ဒဏ်ရာက လျှောက်လှုပ်လို့မရဘူး ပြီးတော့ မင်းကိုယ်ပူနေသေးတယ် "" ဒါတွေက အသေးအဖွဲပါ ၊ ငါ့ရဲ့ခန္ဓာကိုယ် ငါသိတာပေါ့ ။ လူကြီးမင်း ၊ ခင်ဗျား ကျတော့် ကို ဆေးရုံပို့ပေးတာပဲ ကျေးဇူးတင်လှပါပြီ ဒါပေမဲ့ အတွန့်တက်ပြီး ကျွန်တော့် ကိုယ်ရေးကိုယ်တာကို ဝင်ပါတာကိုတော့ ကျွန်တော် မမျှော်လင့်ဘူး ! "
လျန်ဖုန်းကေားလေသံက အားပျော့နေပေမဲ့ မာန်ကတော့ မလျှော့ဘူး ။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်