100

659 109 7
                                    

  053

     ယွမ်သိန်းခြောက်ရာ.....

  စူးယီမော့ မျက်နှာတွေ ပျက်သွားတယ် ၊ စာချုပ်ချုပ်တုန်းက သူ လျန်ဖုံးကေားကို ပေးရမှာက ယွမ်သိန်းသုံးရာ ၊ စရံငွေအနေနဲ့က ယွမ်သိန်းသုံးဆယ် ပေးထားခဲ့တာကို မတွက်နဲ့အုံး ၊ စာချုပ်ထဲမှာရေးထားတာက အကယ်၍ ဖောက်ဖျက်ခဲ့လျှင် ယွမ်သိန်းသုံးရာ မရတဲ့အပြင် ဒီပမာဏအတိုင်း ပြန်လျှော်ရမယ် ။

  ရှေ့ရက်ကပဲ စူးယီမော့က လျန်ဖုံးကေားကို ခေါ်ထားဖို့အတွက် ငွေစာရင်းထဲ တမင် ယွမ်သိန်းသုံးရာ လွဲခဲ့တယ် ။ 

  ယွမ်သိန်းသုံးရာ နှစ်ခုပေါင်းလိုက်တော့ သိန်းခြောက်ရာ ကွက်တိပဲ ။

  လျန်ဖုံးကေား...မင်း တကယ်ပဲ ဒီအလုပ်ကို ဆက်လက်မခံတော့ဘူးလား ?

  ကားရပ်နားရာကနေ လမ်းမပေါ် မောင်းထွက်လာခဲ့ချိန် စူးယီမော့ မနေနိုင်ပဲ လျန်ဖုံးကေားရှိနေတဲ့ ဆေးရုံငါးထပ်မြောက်ကအခန်းကို တချက်မော့ကြည့်မိကာ ....စိတ်ထဲမှာ မထွက်သွားချင်သလို အနားပြန်သွားချင်သလို ဖြစ်နေမိတယ် ။

  ချိန်ရှီးလန်နဲ့ မီလော့တို့ကတော့ လျန်ဖုံးကေားကို အလှည့်ကျစောင့်ရှောက်ကြပြီး လျန်ဖုံးကေား မနိုးထလာခင် လန်ခွန်းက နှစ်ကြိမ်လောက်လာခဲ့သော်လည်း ချိန်ရှီးလန်က သူ့ကို မပေးဝင်ခဲ့ဘူး ၊ လန်ခွန်းက စကားများရင် လျန်ဖုံးကေားကို ထိခိုက်မှုရှိမှာစိုးတာကြောင့် မှန်ပြတင်းကနေသာ ကြည့်ပြီး ပြန်ခဲ့တော့တယ် ။

  လျန်ဖုံးကေားနိူးလာတဲ့အချိန်က သုံးရက်နောက်မှာ ဖြစ်တယ် ။

  တကိုယ်လုံး အားမရှိပဲ မလန်းမဆန်းဖြင့် တကိုယ်လုံးပျော့ဖတ်နေတယ်လို့ ခံစားမိတယ် ကြည့်ရတာ ဒီတခေါက်တော့ အတော် ထိခိုက်မှုကြီးတာပဲ ။ လျန်ဖုံးကေား ခါးသက်သက်ပြုံးမိကာ စားပွဲဘေးမှာ ဆေးရည်ဖျော်ဖို့ အလုပ်ရှုပ်နေတဲ့ ချိန်ရှီးလန်ကို မျက်လုံးပင့်ကြည့်ကာ အသာခေါ်မိတယ်
  " အားရှီ...."

လူစားထိုးWhere stories live. Discover now