047
" ပြောရရင် ---ငါ က မင်းမှမဟုတ်ပဲ ၊ မင်းလောက် မပြောင်းလဲနိုင်ဘူး ! "
သဘောကတော့ ---ငါကမင်းမဟုတ်ဘူး ၊ မင်းက မတူတဲ့သူတွေနဲ့ ရောထွေးယှက်နေတာကို မျက်မှောင်တောင်မကြုတ်ဘူး ၊ ငါက မရဘူး !
ဒီစကားက လျန်ဖုံးကေားရဲ့နှလုံးကို မြှားနဲ့ ပစ်ခွင်းလိုက်သလိုပဲ ။
" ဟုတ်တာပဲ ၊ မင်းတို့ ဒီလို သာမာန်လူသားတွေက ဘယ်လိုလုပ် body double ရဲ့ အမြင့်ဆုံးlevel ကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ ? "
လျန်ဖုံးကေား နှုတ်ခမ်းခပ်စေ့စေ့ရယ်နေတယ် ။ ခဏမှာတော့ သတိပေးနေတဲ့ မျက်နှာထားပြောင်းကာ
" ငါတို့ body double ရဲ့ ထောင်သောင်းချီတဲ့ ပြောင်းလဲနိုင်မှုကြောင့် မင်းတို့ တန်ဖိုးထားတဲ့သူတွေ အန္တရယ် ကင်းနိုင်တာလေ ! ဒါ့ကြောင့် , နောက်ကို ဒီစကားလိုမျိုးပြောမယ်ဆိုရင် ကျေးဇူးတင်တဲ့ လေသံနဲ့ပြောပါ ! "" ပြောတာ နားထောင်လို့ကောင်းသားပဲ ၊ မင်းတို့ က မြင့်မားတဲ့ ငှားရမ်းခ ယူတာ မဟုတ်လား ? ဘာလဲ အဲ့ဒါ မလောက်သေးဘူးလား ? "
စူးယီမော့ လှောင်ပြောင်ပြောဆိုတယ်
လျန်ဖုံးကေားက ငှားရမ်းခမြင့်မြင့်ယူထားပြီး လေးစားမှုပါ ရချင်သေးပုံကြနေတာပဲ ။လျန်ဖုံးကေားအပြုံးပျောက်သွားပြီး ပြန်ပြောလေတယ်
" ငွေရှိတယ်ဆိုပြီး လုပ်ချင်တာ လုပ်လို့ရမယ် မထင်နဲ့ ! တရက်ကျရင်တော့ ၊ မင်းတွေ့လိမ့်မယ်၊ ဒီလောကမှာ ၊ မင်း ပိုက်ဆံနဲ့ ဝယ်မရတဲ့ ပစ္စည်းရှိတယ် !"စူးယီမော့ တိတ်ဆိတ်သွားပြီး နောက်ဆုံး လျန်ဖုံးကေားနဲ့ ဒီပြဿနာကို ထပ်မပြောချင်တော့တာမို့
" အားရှီးလို့ခေါ်တဲ့ မင်းသူငယ်ချင်းတယောက် ဖုန်းဆက်လာသေးတယ် ငါကိုင်လိုက်တယ် "လျန်ဖုန်းကေား ဒေါသပါပါးထွက်တဲ့မျက်နှာထားဖြစ်သွားတယ် ပြီးမှ ပြုံးသလိုမပြုံးသလိုလိုမျက်နှာနဲ့ စူးယီမော့ကို စိုက်ကြည့်နေပြီး
" လတ်စသတ်သော boss က privacy ဆိုတာဘာလဲ နားမလည်တာပဲ ။ အင်းပါ ဒါဆိုရင်တော့ နောက်တခေါက် ငါ ကျင်ချိုးဟန်ကိစ္စကို ထပ်စုံစမ်းရင် ခွင့်လွှတ်ပေးလို့ရတယ်ပေါ့ ဟုတ်လား ? "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်