026
စူးယီမော့ က လျန်ဖုံးကေားကို ဒုတိယထပ်ရဲ့ အခန်းထဲထိ ပွေ့ချီသွားကာ အောက်ထပ်ပြန်ဆင်းပြီး လက်ဘက်ရည်စားပွဲပေါ်က ဆေးတထုတ်ကြီးကို ယူပြီးတက်လာခဲ့တယ် ။
ဒီဆေးတထုပ်ကြီးကို ကြည့်ပြီး စူးယီမော့ ပြန်စဉ်းစားမိတယ်, သူ...အလောတကြီး ဆေးရုံကဆင်းတာ သူနဲ့ စာချုပ်ချုပ်ထားတဲ့ ကိစ္စကြောင့်လား ?ပြီးတော့ သူက လာရပ်ကိုတောင်မသိတဲ့ ဆေးမှင်ကြောင်အတွက်နဲ့ ချိုးဟန်ကို သွာစုံစမ်း...လူစားထိုးဝင်ဖို့အတွက် ပြင်ဆင်တယ်လို့ ပြောပေမဲ့ အကယ်၍သိချင်ရင် သူ့ကိုမေးရင် ပိုကောင်းတယ် မဟုတ်လား ?
သူ့အလုပ်ကို အလုပ်နဲ့တူတယ်ပြောရမှာလား ဒါမှမဟုတ် သူ အလုပ်မရှိအလုပ်ရှာတယ်လို့ ပြောရမှာလား ?
စူးယီမော့ ခေါင်းခါမိကာ နောက်ဆုံးလှေကားတဆင့်ကို တက်လိုက်တယ် ။
စင်္ကြအဆုံးမှာ လျန်ဖုံးကေားရဲ့ ယာယီနေထိုင်တဲ့ အခန်းမှာ ဒဏ်ရာရတဲ့ အမျိုးသားက မျက်လုံးမှိတ်ကာ အနားယူနေတယ် လက်ဖမိုးက နဖူးပေါ်တင်ထားပြီး အသက်ရူတာ အနည်းငယ်မြန်နေတယ် ။
ခြေသံကြားခါမှ လျန်ဖုံးကေား မျက်လုံးဖွင့်ကြည့်ကာ တံတောင်ဆစ်ထောက်ကာ ထဖို့ကြိုးစားတယ် ။
စူးယီမော့ ခပ်သွက်သွက်နဲ့ နှစ်လှမ်းလျှောက်လာပြီး သူ့ကို ဖိချကာ
" ဒီ ပစ္စည်းတွေက်ု ဘယ်လိုသုံးလို့ ငါ့ကိုပြောပြရင်ရပြီ "လျန်ဖူံကေား မျက်လုံးပင့်ကာ သူ့ကို တချက်ကြည့်လိုက်ပြီး အသာလေးပြုံးကာ
" မင်းက လူကို ဆေးသွင်းပေးတတ်လို့လား ? "ဒီစကားက စူးယီမော့ကို အခက်တွေ့စေတယ် ။
သူ ငိုင်သွားတဲ့ အချိန်အတွင်း လျန်ဖုန်းကေားက သူ့လက်ထဲက ကျွတ်ကျွတ်အိတ်ကို ယူလိုက်ပြီး အရက်ပြန် ၊ ဆေးသွင်းရည်ပုလင်းကြီး၊ ဆေးသွင်းပိုက် ဆေးသွင်းအပ် ၊ပိုးသတ်ဂွမ်း စသည့် ပစ္စည်းတွေကို ထုတ်လိုက်တယ် လက်ချောင်းတွေ သွက်လက်စွာဖြင့် ဆေးသွင်းရည်ပုလင်းနဲ့ ဆေးသွင်းပိုက်တို့ ဆက်ပြီးသွားပြီ ၊ သူက ပုလင်းကို စူးယီမော့ကို ထိုးပေးလိုက်ကာ
" ဒါကို ခဏယူထားပေး မြင့်မြင့်မြှောက် "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်