036
ကိုယ်လုံးပေါ်မှန်ထဲမှာ တကိုယ်လုံးဗလာနဲ့ အမျိုးသားရဲ့ ကိုယ်လုံးပုံပေါ်နေတယ် ---ပခုံးကျယ်ကာ ခါးကျဉ်းကျဉ်း ၊ စမတ်ကျတဲ့ နံရိုး ၊ ကျစ်လစ်ပေမဲ့ သိပ်မကျယ်သော ရင်ပတ် ၊ ဖြောင့်တန်းတဲ့ ခြေတစုံ ၊ ပြီးပြည့်စုံတဲ့ ကောက်ကြောင်းနဲ့ ပုံဖော်ထားတဲ့ အတွက် စွဲမက်ဖွယ်ကောင်းတဲ့ခန္ဓာကိုယ် ကို ထင်ပေါ်နေကာ ဖြူဖွေးကြည်လင်နေတဲ့ အသားအရေ ၊ အမာရွတ်တစက်မှမရှိတာမို့ ပိုပြည့်စုံနေတယ် ။ တကယ့်ကို ပြီးပြည့်စုံတဲ့ ပန်းပုရုပ်ထုလေးပဲ ။
လျန်ဖုံးကေားလက်မြှောက်လာပြီး လက်ထိပ်လေးတွေက ဘယ်ပုခုံးကနေ မမြင်ရတဲ့ လမ်းကြောင်းအတိုင်း ဖြည်းဖြည်း ညာဖက်ခါးဘက်ကို ရွှေ့ချသွားတယ် မှန်ထဲကနေ မျက်လုံးတစုံက လူမသိတဲ့ နောက်ကြောင်းတခုကို ပြန်မြင်ယောင်နေသလိုပဲ ။" မင်းမှာ ဒီလို ဝါသနာအကြိုက်ရှိမယ် မထင်ရဘူး! "
အေးစက်စက်စကားသံကြောင့် လျန်ဖုံးကေား သတိပြန်လည်လာတယ် ၊ မှန်ထဲကနေ တံခါးဘေးမှာရပ်နေတဲ့ စူးယီမော့ကို တွေ့လိုက်တယ် ။
သူတံခါးဖွင့်လိုက်တဲ့အချိန်မှာ ဒီလိုမြင်ရလိမ့်မယ်လို့ မထင်ထားတာမို့ မျက်လုံးထဲက အံအားသင့်မှုက မပျောက်သေးဘူး ဒါပေမဲ့လည်း အတွင်းသို့ လျှောက်ဝင်လာပြီး အကြည့်ကတော့ လျန်ဖုံးကေားကိုယ်ပေါ်မှာ မရှိနေတော့ဘူး ။
လျန်ဖုံးကေား နှာခေါင်းလေးကို သပ်လိုက်ပြီး ဘာမှမပြောရင် နေရခက်နေသလိုပဲ ဒါနဲ့ ရေချိုးတဘက်ကို လှမ်းဆွဲရင်း စကားဟတယ်
" ဟုတ်တယ်လေ ၊ မှန်ထဲက ကိုယ့်ကို သတိမထားမိပဲ ကြည့်မိလိုက်တာ ၊ ကိုယ်တိုင်တောင် စွဲလန်းသွားနေမိတာ မင်းကော ကြည့်မလား ? မင်းကို ငါပေးကြည့်ပါမယ် ငွေမယူဘူး "စူးယီမော့က ပြုံးသလို မပြုံးသလိုလိုဖြင့် သူ့ခါးက ရေချိုးတဘက်နားကို ကြည့်ကာ အကြည့်က ဟိုချစ်ခြင်းတွေစတင်ရာနေရာကိုကြည့်ရင်း မျက်ခုံးပင့်လိုက်ပြီး
" ငါ့ကို ပေးကြည့်တယ်ဆိုပြီး ဘာလို့ ဖုံးနေသေးလဲ ?."
လျန်ဖုံးကေားက သူ့ရဲ့နောက်ကာပြောတဲ့စကားကို စူးယီမော့က ဆက်ပြောမယ်လို့ မထင်ထားတာမို့ နှစ်စက္ကန့်လောက်တန့်သွားပြီး တမင်အလိုက်သင့်ကို ပြန်ဖြေတယ်
" မင်းကြည့်ပြီး အားငယ်သွားမှာ စိုးရိမ်လို့ပါ "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်