005
Pin An ဆေးရုံ ။
လူတယောက်က ဓါတ်လှေကားကနေ ရိပ်ကနဲထွက်လာကာ ကျင်ချိုးဟန်ရှိတဲ့လူနာခန်းကို တည့်တည့်သွားလိုက်တယ် ။
လက်ဆန့်ပြီး တံခါးကို တွန်းတော့မဲ့အချိန် စင်္ကြဘေးနှစ်ဘက်ကနေ လူနာဝတ်နဲ့ လူနှစ်ဦးဖြတ်ကနဲပေါ်လာတယ် ၊အမျိုးသားတဦး အမျိုးသမီး တဦး ၊ ကိုယ်လက်လှုပ်ရှားမှုဖြတ်လတ်တယ်၊ အမျိုးသမီးက သူ့ရဲ့ လက်ကောက်ဝတ်ကို ချုပ်ထားတယ် အားတော့ မသေးဘူး ၊ အမျိုးသားက သူ့ရှေ့မှာ ပိတ်ရပ်ထားပြီး ခပ်တိုးတိုးဖြင့်
" ဘယ်နေရာပဲဖြစ်ဖြစ် ဝင်လို့ရတာမဟုတ်ဘူး ! လူနာခန်းနံပါတ်ကို သေချာကြည့် ! "အစက ခေါင်းငုံ့နေတဲ့သူက ခေါင်းမတ်လာတော့ အေးစက်ခန့်ညားတဲ့မျက်နှာ ပေါ်လာတယ် ။
ထိုအမျိုးသားအမျိုးသမီး လန့်သွားတယ် ၊ ဒီအချိန်မှာ သူ့တို့သခင်ကို တွေ့ရလိမ့်လို့ မထင်မှတ်ထားလောက်ဘူး လက်အမြန်လွှတ်ကာ အနောက်သို့တလှမ်း ဆုတ်လိုက်ပြီး အသံတိုးတိုးဖြင့် " လောင်တ...."
* စူးယီမော့ကိုလည်း သူ့အဖွဲ့အစည်းတွင် လောင်တဟုခေါ်သည်။
လာသူမှာ စူးယီမော့ဖြစ်တယ် ! သူ ဒီလောက်တော့ ဘယ်'အ'ပါ့မလဲ , ကျင်ချိုးဟန်ကိုတယောက်တည်းကို ဘာအကွယ်အကွယ်မှမထားပဲ ဆေးရုံမှာ ချန်ထားခဲ့ပါမလဲ။" ငါသူ့ကို လာကြည့်တာ ၊ မင်းတို့ လုပ်သင့်တာလုပ် ၊ သတိမလွတ်စေနဲ့ ! "
ခပ်တည်တည်နဲ့ အေးစက်စက်လေသံနဲ့ပြောလိုက်ပြီး ပြောပြီးတာနဲ့ နှာခေါင်းကပွတ်လိုက်သေးတယ် မျက်လုံးထဲမှာ ခပ်လည်လည်အရိပ်က ပေါ်သွားသေးတယ် ။" ဟုတ်ကဲ့ ! "
ကျင်ချိုးဟန်ကို အမှောင်ထဲနေ ကာကွယ်သူနှစ်ဦးက ဘေးကပ်ရပ်က လူနာခန်းကို ပြန်သွားပြီးနောက် စူးယီမော့က ကိုယ့်မျက်နှာကို ပြန်ပွတ်လိုက်ပြီး တခွန်းရေရွတ်လိုက်တယ်
: ရေခဲတောင်က ကြွက်သားတွေကိုတောင့်တင်းစေတာပါလား ? မျက်နှာတွေတောင် အေးခဲသွားပြီ !
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်