130

492 72 5
                                    


  083

    စမ်းသပ်တယ် ?

 လန်ခွန်း မျက်မှောင်အသာကြုတ်သွားမိတယ် ၊ ဒီကလေးက ထူးခြားတဲ့နေရာလည်း မရှိနေပါဘူး ၊ ဘာလို့ သူ့ကို ဖမ်းပြီး စမ်းသပ်ရတာလဲ ?

  ဒါပေမဲ့ သူ့မှာ ထူးခြားတဲ့ နေရာရှိမရှိ ဂရုမစိုက်နဲ့အုံး အဖမ်းခံရပြီး စမ်းသပ်ခန်းထဲမှာ အမျိုးမျိုးစမ်းသပ်ခံရတာကလည်း အလွန်စိတ်တိုစရာ ကောင်းတဲ့ ကိစ္စပဲ မဟုတ်လား ။

  လူသတ်ရင်တောင် သေရုံပဲလေ ၊ ဒီကလေး ဘယ်လောက်ကြီးသေးလို့လဲ အလွန်ဆုံး ဆယ်ရှစ်နှစ်မကျော်ဘူး ၊ ဒီလောက်ငယ်တဲ့ ကလေးကို စမ်းသပ်ကိရိယာလို စမ်းသပ်ခံရတာက အရမ်းသနားစရာ ကောင်းတာပဲ !

  လန်ခွန်းရဲ့ မွေးရာပါဩဇာစိမ့်ထွက်လာပြီး လက်နှစ်ဖက်ပင့်ကာ ကောင်ကလေးကို ကိုယ်နောက်မှာကာထားလိုက်တယ် ၊ ကောင်ကလေးရဲ့ အနောက်က ရေကန်နံရံဖြစ်တာကြောင့် သေချာမကြည့်ရင် ကြည့်လို့မမြင်ဘူးလေ ။

  သို့သော် လန်ခွန်းရဲ့လက်မောင်းပင့်လိုက်တာကြောင့် မော့ရှောင်ပေရဲ့လက်က ထားစရာနေရာမရှိတော့ဘူးလေ သူသာ လည်ပင်းဖက်ထားအုံးမယ်ဆိုလည်း ရှာတွေ့သွားနိူင်တယ်.. ..သူက ရေလည်း မကူးတတ်နေဘူး တခုခုကိုလည်း လှမ်းမဆွဲရဲတော့ ရေအောက်ထဲ နှစ်ဝင်တော့မှာမို့ ပြာယာခတ်နေရှာတော့တယ် ။

  လန်ခွန်းက အသံတိုးတိုးဖြင့်
  " ငါ့ခါးကို ဖက်ထား ....."

  " ဟုတ်...."
မော့ရှောင်ပေ လိမ္မာစွာ လက်နှစ်ဖက်ဖြင့် လန်ခွန်းခါးကိုတင်းတင်းဖက်ကာ လေဝဝတချက်ရှူပြီး ရေထဲငုံ့ကာ ‌အသက်အောင့်ထားတော့တယ် ။

  ကုတ်ဝတ်စုံရှည်များနဲ့ လူတွေ တပတ်အပြည့်ရှာကြည့်ပြီးတာတောင် ကောင်ကလေးကို မတွေ့တာကြောင့် မျက်နှာမှာ လောပြာ‌တဲ့ အရိပ်တွေတွေ့နေရလေပြီ ။

  သူတို့လည်း ဧည့်သည်တွေတယောက်ချင်းစီရှာချင်ပေမဲ့ အန်းဖင်Club ကတာဝန်ရှိသူတွေက ဧည်သည့်တွေကို အနှောက်အယှက်ဖြစ်နေတယ်ဆိုတဲ့ သတင်းရပြီးရောက်လာပြီဖြစ်တာကြောင့် ပထမသခင်လေးကို အကြောင်းကြားပြီး လာတားဆီးနေပြီလေ ။

လူစားထိုးWhere stories live. Discover now