094

558 92 6
                                    

047

       " စကား ပြောအုံး ! "

စူးယီမော့ အကြည့်စူးစူးမှာ မျက်လွှာချကာ တိတ်ဆိတ်နေတဲ့ လျန်ဖုံးကေား ရှင်းပြတာကို သူနားထောင်ချင်‌သေးတယ် ။
  ကျင်ချိုးဟန်ပုံနဲ့မို့ လန်ခွန်းဖိအားပေးတာ‌ကြောင့်  အပေးအယူအတွက် သဘောတူရတာပါ ဆိုတာကို သူနားထောင်ချင်‌သေးတယ် ။

  သို့သော်.....ဒီလိုကပ်တပ်တပ်အကြောင်းပြချက်ကို ... စူးယီမော့ပင် ကိုယ်တိုင်ပင် တွေးရင်း မယုံနိုင်ဘူး ။

  အဲ့ဒီအချိန်တုန်းက လျန်ဖုံးကေားက ကျင်ချိုးဟန်အသံနဲ့ စကားပြောနေတာမဟုတ်ဘူးလေ သူ့ရဲ့ပင်ကိုယ်အသံနဲ့ ပြောနေတာလေ ၊ လန်ခွန်းနဲ့ ပြောနေပုံက တည်တည်ငြိမ်ငြိမ် ပွင့်ပွင့်လင်းလင်းနဲ့ ကျင်ချိုးဟန် ရဲ့ ကိုယ်ပိုင်ဟန် မဟုတ်ဘူးလေ ။

  သူ ဘာလုပ်ချင်တာလဲ ?

 ကျန်တဲ့ကိုးလကို လိမ်လိမ်မာ‌မာလေး ကျင်ချိုးဟန်ပုံပဲ သရုပ်ဆောင်ရင် မကောင်းဘူးလား ? ဘာလို့ နားမလည်နိုင်တဲ့ကိစ္စတွေ လုပ်အုံးမှာလဲ ?

  အရင်ကကိစ္စတွေကို ရအောင် ဆွဲထုတ်ဦးမှာလား ?

  သူ့ရဲ့ သိလိုစိတ်က အဲ့လောက်တောင် ပြင်းလား ?

  ဒါကို စဉ်းစားမိတာနဲ့ စူးယီမော့က လျန်ဖုန်းကေားအပေါ် အနည်းငယ် မကျေမချမ်းဖြစ်သွားတယ်။

  သူ လျန်ဖုန်းကေားကို ငှားရမ်းတာက ကျင်ချိုးဟန်ကို ကာကွယ်ဖို့လေ ၊ ချိုးဟန်ကတော့ ကိုယ့်နဲ့ ခုနစ်နှစ်တာ အတူဖြတ်သန်းခဲ့သူလေ အမှားတွေ လုပ်ဖူးတယ် ကိုယ့်ဘေးမှာနေပြီးလည်း လန်ခွန်းကို အချက်အလက်တွေပေးဖူးတယ် ဆိုတာကလည်း သူ့သဘောနဲ့သူမှ မဟုတ်တာ။

  ---သူ့ရဲ့ ညီမကျင်ချိုးလန်က လန်ခွန်းလက်ထဲမှာ ရှိနေလို့ သူ ဒီလိုပဲ လုပ်ရတာလေ ။

  အမှန်လည်း ချိုးဟန်က ကောင်းပါတယ် သူက ကိုယ့်အပေါ် စိတ်အစစ်အမှန်နဲ့ပါ ။

လူစားထိုးWhere stories live. Discover now