38
စူးယီမော့က လျှာဖြင့် လျန်ဖုံးကေားရဲ့သွားပုံသဏ္ဍန်ကို ပုံဖော်နေတယ်၊ တဆင့်ချင်းစီ အဆင့်တိုးကာ အထဲပိုဝင်သွားပြီး သူ့ပါးစပ်ထဲက နေရာအနှံ့ကိုထိတွေ့နေရင်း လျှာချင်း ကကြိုးယှက်နေကြတယ် ။
လျန်ဖုံးကေားဒီအနမ်းကို မငြင်းဆန်ပါဘူး ။
အစကတော့ သူစိတ်လျော့ပေးလိုက်တာ သို့သော် နောက်တော့ သူလည်း စိတ်ပါလာတာမို့ မတုန်မလှုပ်မဟုတ်တော့ပဲ အစကစူးယီမော့ကို တွန်းနေတဲ့လက်က စူးယီမော့လည်ပင်းကို ချိတ်လိုက်ပြီး သူ့ကို ကိုယ်နဲ့ပိုနီးစေလိုက်တယ် ၊ ညာလက်က စူးယီမော့ရဲ့နောက်စေ့ကို ကိုင်လိုက်ပြီး အနမ်းတွေကို နက်ရှိုင်းစေလိုက်တယ် ။
လျန်ဖုံးကေားရဲ့ တုန့်ပြန်မှုကို စူးယီမော့က ကျေနပ်တယ်လေ ၊ ဒါပေမဲ့ ကျေနပ်မှုရဲ့နောက်မှာ ဝေခွဲမရမှုတွေဖြစ်လာပြီး လည်ချောင်းမှာ အရိုးစူးနေသလို နေရခက်တယ် ။
လျန်ဖုံးကေားက ဒီလိုအနမ်းတွေ ကျွမ်းကျင်နေတာကို သူ သိပ်မကြိုက်နေဘူး ။
သူက လူဘယ်နှစ်ယောက်နဲ့တောင် နမ်းခဲ့ဖူးတာလဲ ?
ဒါကိုစဉ်းစားမိတော့ စူးယီမော့ စိတ်မပါတော့ဘူး လျှာကို တုံ့ဆိုင်းခြင်းမရှိ လျန်ဖုံးကေားနှုတ်ခမ်းထဲကနေ ပြန်ဆုတ်ထွက်လာတယ် ။ သူ အနည်းငယ်နောင်တရစွာ ကိုယ်ဘေးလှည့်လိုက်ပြီး ထွက်သွားချင်တော့တယ် ။
လျန်ဖုံးကေား အသက်ရှူတာတွေ မငြိမ်သေးပေမဲ့ စကားတော့ပြောနိုင်သေးတယ် ပြီးတော့ အသံကခပ်နိမ့်နိမ့်နဲ့ ဆွဲငင်အားပါတဲ့အသံနဲ့
" ဘာလဲ ? စားပြီးတော့ သွားချင်ပြီလား ? "စူးယီမော့ အလင်းမှိန်မှိန်ထဲကနေ လျန်ဖုံးကေားရဲ့ အနည်းငယ်ဖူးယောင်နေတဲ့ နှုတ်ခမ်းကို ကြည့်လိုက်ပြီး
" sorry, ငါ လွန်သွားတယ် "လျန်ဖုံးကေား က လှောင်ပြောင်သလို နှုတ်ခမ်းကို ကွေးတတ်လိုက်ကာ ကြေအေးစကားတော့ ပြောလိုက်တယ်
" ရပါတယ် ၊ အကျင့်ဖြစ်နေပြီ "
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်