018တကယ်လဲ စူးယီမော့နားကြားမမှားဘူး ဒုတိယတလွှာမှာ လူတွေ ချနေကြပြီ။
ဘယ်သူတွေလဲဆိုတော့ .....ချိန်ရှီးလန်းနဲ့ မီလော့က လွဲ၍ ဘယ်သူဖြစ်နိုင်ဦးမှာလဲ ။ဒီနှစ်ယောက်က အရင်တုန်းကလို လျန်ဖုန်းကေားနဲ့ သုံးယောက်အတူ သောင်းကျန်းတာ အကျင့်ပါနေပြီမို့ လျန်ဖုံးကေား အန္တရယ်ရှိတယ်လို့ကြားတာနဲ့ ဘာဘာညာညာတွေဘယ်ဂရုစိုက်နိုင်အုံးမလဲ တခါတည်း ဝင်ချလာတာလေ ။
ပြောရရင်တော့ ပညာမြင့်တော့ သတ္တိပြည့်တယ်လေ သူတို့ရဲ့ ကိုယ်ခံပညာတွေက မဆိုးဘူး ဦးနှောက်ကလည်း ဖြတ်လတ်တယ်လေ ၊ထပ်ပြီးတော့ ကိုယ်ပေါ်မှာက ချိန်ရှီးလန်အသစ်တီထွင်ထားတဲ့ ကျည်ကာဝတ်စုံဝတ်ထားတာမို့ အခုလို ဘာမှမကြောက်ရွံ့တဲ့ပုံ ဖြစ်နေတာပေါ့ ။
ပထမတထပ်မှာ ဘာအစောင့်မှ သိပ်မရှိတာမို့ နှစ်ယောက်သား ကလည်း ရုတ်တရက်ရောက်လာတာမို့ တခါတည်း ဒုတိယထပ်ကို ရောက်ခဲ့တာလေ
ဒုတိယထပ်ကတော့ ရင်ဆိုင်ရတာ နည်းနည်းတော့ခက်ခဲတယ် ။ဒီမှာက အကုန်လေ့ကျင့်သူတွေလေ အဆင့်မြင့်တိုက်ခိုက်ရေးသမားဟုတ်တာမဟုတ်တာကို အာရုံမစိုက်သေးနဲ့ အနည်းဆုံးတော့ သူတို့မှာ ပညာတော့ရှိတယ်လေ ၊အားလုံးကလည်း ကိုယ့်ကို အဟုတ်မှတ်နေတာလေ ။
နှစ်ယောက်လုံး ဝင်လာပုံက လက်နှစ်ဘက်ကျောနောက်ပစ်ပြီး စိန်ခေါ်ပုံဖြင့် ဝင်လာခဲ့တယ်၊ တယောက်က အနက်ရောင်သားရေကိုယ်ကပ်ဝမ်းဆက်ကို ဝတ်ထားတာမို့ အချိုးအဆစ်လှသောကိုယ်ခန္ဓာများကြောင့် ကြည့်ရသူတွေ နှာခေါင်းသွေးပါ ယိုနိုင်တယ် ။ နောက်တယောက်က ငွေရောင်သားရေဝမ်းဆက်ကိုဝတ်ထားပြီး ရုတ်တရက်ကြည့်ရင် သံချပ်ကာ ဝတ်ထားသလိုပဲ ဟိတ်ဟန်အပြည့်နဲ့ပဲ ၊ အမှန်တော့ ခပ်ကြွကြွလူတယောက်က ဒီအခွင့်ကောင်းမှာ ရှိုးပြဖို့ မမေ့တာလေ ။
အေးပါ ၊ ဒီနှစ်ယောက်က ခြေထောက်တွေ မြေမထိတဲ့ပုံ ခပ်ကြွကြွနဲ့ ဝင်လာပြီး နှစ်လွှာကလူတွေကို အထင်သေးပုံနဲ့ဆိုတော့ ဒီလူတွေ ဘယ်သည်းခံနိုင်ကြတော့မလဲ ?
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်