012လန်ခွနိးက ရှိသမျှ CCTVကင်မရာဗီဒီယိုတွေကို ထုတ်ယူကြည့်လိုက်ပြီး ဖန်သားမျက်နှာပြင်ကို မျက်လုံးမလွတ်တမ်းစိုက်ကြည့်နေခဲ့တယ် ထိုအမျိုးသားမျက်နှာဖုံးချွတ်ချတဲ့အချိန်ကို စောင့်ဖမ်းမိနိုင်လေပြီ။
နူးညံ့သောသောမျက်လုံးမျက်ခုံး ၊ ခန့်ချောကာ ညို့ဓါတ်ပါသောမျက်နှာထား၊ အရာအားလုံးကို လူမထင်သလိုကြည့်တတ်တဲ့အကြည့် ပြီးတော့ ဖိချထားလို့မရအောင်ပေါ်နေတဲ့ ဝံ့ကြွားကျေနပ်ခြင်း ။
လန်ခွန်းလက်ထဲကနေ ထို အချက်အလက်တွေ ယူနိုင်မှတော့ သူ ဝံ့ကြွားဖို့ အကြောင်းပြချက်ရှိပါတယ်လေ ။ဒါပေမဲ့ ထိုအပြုံးက လန်ခွန်းမျက်လုံးထဲမှာ အကြီးမားဆုံးလှောင်ပြောင်မှု ဖြစ်သွားပြီ ။
သိပ်မရှင်းလင်းတဲ့ ရုပ်ပုံကို သေချာစိုက်ကြည့်ပြီး လန်ခွန်း လက်ချောင်းတွေကို တင်းတင်းဆုပ်မိလိုက်တယ် ---အန်းမု !
အမှန်တော့ သူအစောကတည်းက စဉ်းစားမိသင့်တယ်လေ ထိုအချက်အလက် ပျောက်ဆုံးသွားရင် အကျိုးအမြတ်အရဆုံးက ဒီနေရာမှာ လက်ဝါးကြီးအုပ်လို့ရတဲ့ အန်းအိမ်ပဲလေ !
မထင်ထားတာက အန်းပထမသခင်လေးကိုယ်တိုင် လုပ်ဆောင်မယ်ဆိုတာကိုပဲ ၊ ဒီလောက်ယုတ်ညံ့တဲ့ အကြံလည်း ထုတ်သုံးသေးတယ် !
အရမ်းကောင်းတယ် ....မင်းက ငါ့နဲ့ ထပ်မတွေ့ချင်ဘူး ၊ ငါ့နားမှာတော့ မရဘူးလေ ။
ငါတို့က ပြန်တွေ့ရုံတင်မကဘူး ၊ အမြန်ဆုံးပြန်တွေ့မှာမှာပါ !လန်ခွန်းက ထိုနေ့ရဲ့ CCTVဗီဒီယို အကုန်လုံးကို အိတ်ထဲထည့်လိုက်ပြီး ယူပြန်ကာ သေချာပြန်စစ်ဆေးတော့တယ် ။
ပြီးနောက် ဂလဲ့စားလုပ်ရပ်ကို အစဉ်လိုက်လုပ်ဆောင်တော့တယ် ။
ရုပ်ဖျက်တယ် ၊ ချဉ်းကပ်တယ် ၊ အကျဉ်းချတယ် ၊ ရယူတယ် ၊ နှိပ်စက်တယ် ၊ ကိုယ်ရဲ့ မူပိုင်သင်္ကေတတွေရိုက်နှိပ်တယ်.......
မြေအောက်ခန်းထဲမှာ နွေးထွေးတဲ့ အသက်ရှိူက်သံတွေက နားဘေးမှာ ရှိနေသေးသလိုပဲ ၊ ပြီးတော့ အဆုံးထိတောင်းပန်နေသံ ၊
" ငါ မင်းကို ထပ်ပြီး မထိရဲတော့ပါဘူး ....ငါ့ကို လွှတ်ပေးပါ ..."
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်