အပိုင်းသုံး
3.001လျန်ဖုံးကေားက ပျင်းရိစွာဖြင့် ဆိုဖာထဲ ခွေနေပြီး မျက်မှောင်ကြုတ်နေတယ် ၊ စိတ်မပါလက်မပါနဲ့ ရင်ထဲမှာ မတတ်သာခြင်းတွေ နဲ့ ဆုံးဖြတ်ရခက်ခြင်းတွေနဲ့ လက်ထဲက အနီရောင် ဖိတ်စာကို ကစားနေတယ်လေ ၊ တခုခုကို ချင့်ချိန်နေသလိုပဲ ။
စူးယီမော့က အခန်းထဲဝင်လိုက်တာနဲ့ လျန်ဖုံးကေားရဲ့ သက်ပြင်းချသံကို ကြားလိုက်တယ်လေ ၊ နောက်တော့ သူရဲ့ ဆုံးဖြတ်ရခက်တဲ့မျက်နှာကိုကြည့်ပြီး အံ့ဩသွားမိတယ် ၊ ဒီရက်ပိုင်း လျန်ဖုံးကေားက သူ့နဲ့ အတူလာနေချိန်မှာ အရင်ထက် ပိုပျော်လာပြီလေ ၊ သူ စိတ်ရှုပ်နေတဲ့ပုံကို ပထမဆုံး မြင်ရတာပဲ ။
လျန်ဖုံးကေားရဲ့ အရည်အချင်းကို သူအသိဆုံးလေ ၊ သူ့ကို စိတ်ရှုပ်စေတဲ့ ကိစ္စက ကိစ္စကြီးပဲ နေမှာပေါ့ ။
စူးယီမော့ အနွေးထည် ချွတ်ရင်း သူ့နားသွားလိုက်ကာ
" ဘာဖြစ်လို့လဲ ? ဘာများဖြစ်လို့လဲ ? "သူ့အရှေ့ရောက်သွားမှ သူ့လက်ထဲက အနီရောင်ဖိတ်စာကို မြင်ပြီး စူးယီမော့ မယုံနိုင်စွာ မျက်ခုံးပင့်ပြီး
" ဖိတ်စာ မင်း သူငယ်ချင်းနှစ်ယောက် ဒီလောက်အမြန်ကြီး မင်္ဂလာဆောင်တော့မယ် ? "သူငယ်ချင်းနှစ်ယောက်ဆိုတာ ချိန်ရှီးလန်နဲ့ မီလော့ကို ပြောတာပေါ့ ။
လျန်ဖုံးကေား စိတ်မပါစွာဖြင့် သူ့ကို တချက်ကြည့်လိုက်ပြီး ဘာမှမပြောဘူး ။
စူးယီမော့က သူ့ဘေးမှာ ထိုင်ချလိုက်ပြီး ခန့်မှန်းနေသေးတယ် ၊
" မဟုတ်လောက်ပါဘူး , အကယ်၍ အဲ့လောက်အမြန် မင်္ဂလာဆောင်တာဆိုရင် ရှေ့တခေါက် ကားပြန်ပေးကတည်းက သူတို့ ပြောပြလောက်ပြီ ၊ အခု မင်းက တစက်မှပျော်နေတဲ့ပုံ မရှိပဲ စိတ်ရှုပ်နေတာဆိုတော့ မင်္ဂလာဖိတ်စာ မဟုတ်လောက်ဘူး ......"စူးယီမော့ ဖိတ်စာကို ယူပြီး အရင် မဖွင့်သေးပဲ လှန်ကြည့်နေသေးကာ
" ဖိတ်စာနဲ့ မင်းကို လာဖိတ်ပြီး မင်းကို ဆုံးဖြတ်ရခက်စေတာဆို .....အန်းအိမ်နဲ့ ပတ်သက်လောက်တယ် ၊ အကယ်၍ သူများဆိုရင် မင်း တခါတည်း ငြင်းလိုက်လောက်ပြီး ငြင်းလို့မကောင်းနေဘူးဆိုတော့..... အန်းမုက မင်းကို ဖိတ်တဲ့ ဖိတ်စာပေါ့ ? "
ပြောပြီးမှ စူးယီမော့က ဖိတ်စာကို အသာဖွင့်လိုက်တယ် ၊တကယ်လည်း အန်းမုဆိုတဲ့ စကားလုံးရေးထားတယ်လေ ။
သေချာဖတ်လိုက်တော့ လျန်ဖုံးကေား စိတ်ရှုပ်နေရခြင်းကို သိလိုက်ရပြီ --- လတ်စသတ်တော့ နောက်လ ၆ရက်နေ့က အန်းပထမသခင်လေးရဲ့ မွေးနေ့ပဲ ၊ သူက လျန်ဖုံးကေားကို ပွဲတက်စေချင်တာလေ ၊ ညီအစ်ကိုတွေဆိုတော့ ၊ ညီအစ်ကို မပြောနိုင်သေးရင်တောင် တခါတလေ ဆုံရလည်း မဆိုးဘူးလေ ၊ ဒါ့ကြောင့် ဖိတ်စာပို့လိုက်တာလေ ။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်