015ကိစ္စက လွန်ခဲ့တဲ့နှစ်ရက်မတိုင်ခင်ထိကို ပြန်သွားရမယ် ။
စူးယီမော့က ဘယ်လိုစဉ်းစားစဉ်းစား အဆင်မပြေသလိုဖြစ်နေတယ်လို့ ထင်မိတယ် ။ အခု လျန်ဖုံးကေားသတင်းမကြားရပဲ ကျင်ချိုးလန်ကို ပါ မကယ်ထုတ်လာနိုင်ဘူး ၊ ပြီးတော့ကိုယ်ရဲ့အကျိုးအမြတ်ပါ ပါသွားအုံးမယ် ....
ဒီလို ကိုယ်တိုင်စီမံခွင့်မရှိပဲ စောင့်ကြည့်နေရတာက သူစူးယီမော့ရဲ့ စတိုင်မဟုတ်ဘူး ၊ ကိုယ့်ရဲ့ အင်အားတချို့တောင်စွန့်ထုတ်ရမယ်ဆိုတော့ သူလည်း ညီမျှတဲ့အကျိုးအမြတ်တော့ပြန်ရမှရမယ်လေ ။
ထိုင်စောင့်နေတာထက်စာရင် ဝင်ဖောက်တာက ပိုကောင်းမလားပဲ။
ဒါနဲ့ပဲ သူက ကျင်ချိုးဟန်ဖုန်းပေါ်မှာ တပ်ထားခဲ့ဖူးတဲ့နောက်ယောင်ခံစနစ်ကို ဖွင့်လိုက်တယ် လန်ခွန်းရဲ့ ခြေချရာကို စုံစမ်းလို့ရလိုက်တယ် ။
ဒီနေရာက A မြို့ ၊ စူးယီမော့ရဲ့ပိုင်နက်လေ ၊ သူ့လက်အောက်က အမိန့်ရပြီးတာနဲ့ စတင် ရှာဖွေစုံစမ်းပြီလေ ။
လန်ခွန်းက အကယ်၍ လျန်ဖုံးကေားက သူ့ကိုပေးတဲ့ အချက်အလက်တွေက မှန်တယ်ဆို ဒီအချက်အလက်တွေကို လက်လွှတ်မှာမဟုတ်ဘူး သူ ငါ့ရဲ့ဆိပ်ကမ်းက ပစ္စည်းကို ယူဖို့ ကြိုးစားလိမ့်မယ် ။
လန်ခွန်းနဲ့ ထိပ်တိုက်သွားတွေ့လို့မရဘူး ၊ သူ အခွင့်ကောင်းယူပြီး လျန်ဖုံးကေားကို ထိခိုက်စေနိုင်တာမို့ တကွက်ပဲ ကျန်တယ် ၊ --- အရှေ့ကိုခြောက်ပြီး အနောက်ကိုလှမ်းမယ်၊ နည်းလမ်းကိုပြောင်းပြန်သုံးမယ်။
နှစ်ရက်နောက်မှာ ။
လန်ခွန်းက တကယ်ပဲ လူတွေခေါ်ပြီး ဆိပ်ကမ်းကို ရောက်လာတယ် ဒါပေမဲ့ စူးယီမော့ရဲ့ အင်အားကို မထိရသေးခင်မှာပဲ စူးယီမော့ကို စောင့်ကြည့်နေတဲ့ လူယုံရဲ့ဖုန်းကို ရလိုက်တယ် ၊ Aမြို့မှာ လန်ခွန်းကမနည်းထူထောင်ထားရဲ့ night club ကို---စူးယီမော့ သူ့လူတွေခေါ်ပြီး ဝင်တိုက်ဖို့ ပြင်ဆင်နေတယ် ။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်