128

439 79 6
                                    

  081

       လျန်ဖုံးကေား စိတ်ထဲက ဝမ်းနည်းမှုတွေကို ပြောပြီးတဲ့အချိန် ခဏက ရင်ထဲဖိထားတဲ့ခံစားချက်က ပျောက်ကွယ်သွားလေပြီ ။ သူ ပြန်ခံပြောလေတယ်
  " ဘယ်လိုကြောင့် မင်းကငါ့ကို အားမငယ်စေရဘူးလဲ ? ငါက မင်းကို ကာကွယ်ရမှာလေ ၊ မင်းက ငါ့ကိုမှ မနိုင်ပဲနဲ့ "

  " ဘယ်သူပြောလဲ ? "
   စူးယီမော့ မျက်နှာမည်းကျသွားလေတယ် ၊ ဒီကောင်လေး ၊ ငယ်တုန်းက သူ့ကို မနိုင်ခဲ့တာကို မှတ်မိသေးသားပဲ !

  " ဟုတ်နေတာပဲ "
  လျန်ဖုန်းကေားက စူးယီမော့ကို ဆက်တိုက်အနိုင်ယူခဲ့တဲ့ ငယ်တုန်းကဖြစ်စဉ်တွေကို သတိရပြီး ကျေနပ်စွာ ‌ပြုံးနေပုံက ရိုက်ချင်စရာပဲ ။

  စူးယီမော့က သူ့ရဲ့ မျက်နှာကို သွားညှစ်ကာ
  " အဲ့တာက ငယ်တုန်းကလေ ၊ ကိုယ်က အခု မင်းထက်တော်တာ သေချာတယ် ! "

  " ဒါဆို တပွဲလောက်စမ်းကြမလား ? "
  လျန်ဖုံးကေား ရန်စလေတယ် ။

  စူးယီမော့ ခေါင်းခါကာ
  " မလိုပါဘူး ၊ ကိုယ်ရှူံးမှာသေချာတယ် "

  " ကြည့်လေ ၊ မင်းကိုယ်တိုင်လည်း ရှုံးမယ်လို့ ဝန်ခံတယ်လေ "
  လျန်ဖုံးကေား ပို ကျေနပ်နေလေတယ် ။

  နောက်ဆုံးတော့ စူးယီမော့ အေးအေးဆေးဆေးပြောလိုက်ပုံက
  " ဘာလို့လဲဆိုတော့ ကိုယ်က မင်းအပေါ် လက်မပါရက်ဘူးလေ "

  " ကျွတ် ! "
  လျန်ဖုံးကေား သူ့ကို မျက်ဖြူတချက်လှန်ပြလိုက်ကာ ,နှစ်ခွန်းလောက် လှောင်တော့မဲ့အချိန် ဝန်ထမ်းတွေက ဂုံးကောင်၊ ပုဇွန်၊ ဂဏန်း၊ ငါးကင်စသည့် ပင်လယ်စာတွေ စားပွဲအပြည့် လာချလေပြီ ။

  စူးယီမော့ကလည်း ကိုယ့်ထိုင်ခုံပြန်မထိုင်တော့ပဲ လျန်ဖုံးကေား ဘေးဝင်ထိုင်ကာ ဂရုတစိုက်ဖြင့် ပန်းကန်အသေးတွေယူ တို့စရာအချဉ်ပေါင်းစုံထည့်ပြီးနောက် ဂဏန်းကိုခွာကာ လျန်ဖုံးကေားနှုတ်ခမ်းနားထိတေ့ပေးလိုက်တယ်
  " ဒါလေးမြည်းကြည့်ပါ ၊ အရမ်းစားကောင်းတယ် "

လူစားထိုးWhere stories live. Discover now