012
ရေချိုးပြီးနောက် လျန်ဖုန်းကေားက အဖြူရောင်ရေချိုးခန်းဝတ်ဝတ်စုံကို ဝတ်ပြီး ဆံပင်ကိုသုတ်ရင် ရေချိုးခန်းထဲက ထွက်လာခဲ့တယ် ။
ဆိုဖာပေါ်မှာ ထိုင်လိုက်တော့ စားပွဲပေါ်က delivery menu နဲ့ ငွေသားတချို့ကိုတွေ့လိုက်မှခဏကြောင်သွားပြီး စူးယီမော့ပြောတဲ့စကားကို ပြန်စဉ်းစားမိတယ် ။ အော် .....လတ်စသတ်တော့ ကိုယ့်ဘာသာကိုယ် delivery နဲ့မှာစားခိုင်းတာပဲ .....ခေါင်းမော့လာပြီးအခန်းထဲကို တပတ်ပတ်ကြည့်လိုက်တော့ ဘယ်ဘက်က အခန်းမှာ အကြည့်ရပ်သွားတယ် မှန်ကိုခြားပြီးကြည့်လိုက်တော့ အဲ့မှာ မီးဖိုချောင်ဆိုတာသေချာသွားတယ် ။
စိုနေသေးတဲ့ ဆံပင်ကို အားနဲ့ သေချာဖိသုတ်လိုက်ပြီး လျန်ဖုန်းကေား ထရပ်ပြီး မီးဖိုချောင်ဘက်ကို သွားလိုက်တယ်။
သူဒီရက်တွေ ဆေးရုံမှာ အပြင်စာတွေစားပြီး နေရခက်တာ မိုးကောင်းကင်ပဲသိမယ် ၊ အခု နည်းနည်းလွတ်လွတ်လပ်လပ်နေလို့ရတုန်း ကိုယ့်အကြိုက်ကိုယ်လုပ်တာပေါ့ ။ ဘယ်နှစ်ရက်မှလည်း လွတ်လပ်တော့မှာမှ မဟုတ်တာ အခုကိုယ့်ကိုကိုယ် ကောင်းကောင်းမပြုစုထားလို့ ဘယ်ရမလဲ ? သူက လုပ်ငန်းခွင်မှာ ရွှေရောင်အဆင့် ဆိုပေမဲ့လည်း သူ့ကိုသူလည်း အခက်တွေ့အောင် မလုပ်သင့်တဲ့အချိန်ဆို မလုပ်ဘူးပေါ့။
ရေခဲသေတ္တာကို ဖွင့်လိုက်တော့ အထဲမှာ လျန်ဖုန်းကေား ထင်ထားသလိုမဟုတ်နေဘူး ၊ သူအစက အထဲမှာ ဘာမှမရှိလောက်ဘူး ထင်ထားတာလေ ၊ ခဏက စိတ်ကူးပေါက်ပြီး ကိုယ့်ဘာသာကိုယ် မီးဖိုချောင်ဝင်ပြီးချက်စားချင်တာ မီးဖိုချောင်ထဲရောက်မှ ရုတ်တရက်သတိပြန်ရတယ် စူးယီမော့လို အေးခဲပြီးဆန္ဒချုပ်ထိန်းတတ်သောအမျိုးသားက ဘယ်လိုလုပ်ကိုယ့်ကို ထမင်းဟင်းချက်မှာလဲ ? ဒါ့ကြောင့် ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အချိန် နှုတ်ခမ်းမှာက လှောင်ပြုံးလေးချိတ်ထားမိတာ အခုကြည့်လိုက်တော့ အမျိုးစုံ အရောင်စုံသော ချက်စရာတွေကို တွေ့လိုက်တော့ လျန်ဖုန်းကေား ငိုင်သွားရှာတယ်။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်