095

568 103 9
                                    

   

  048

     စူးယီမော့ ‌ပြောပြီး လျန်ဖုံးကေားကို ဂရုမစိုက်တော့ဘူး ၊ နံရံကိုမှီချလိုက်ပြီး စိတ်ပူစွာနဲ့ အရေးပေါ်ခန်းတံခါးကို ကြည့်ပြီးတော့သာ အဖြေကိုစောင့်နေတော့တယ် ။

  ခဏနေက ဆရာဝန်ပြောတာကတော့ ကျင်ချိုးဟန်မိတဲ့ အဆိပ်က အရမ်းထူးဆန်းတယ်၊ ဒီလို အဆိပ်ဖော်စပ်ပုံက တွေ့နေကြမဟုတ်ဘူး၊ တရုတ်ဆေးပညာကို နားလည်တဲ့လူကမှသာ ဖြေဆေးဖေါ်ထုတ်နိုင်လိမ့်မယ် ။ အကယ်၍ အဆိပ်ကိုသာ ကိုယ်တိုင်စမ်းသပ်မထုတ်နိုင်ရင် ဖြေဆေးကို ထုတ်နိုင်ခြေက အရမ်းနည်းတယ် ။

  သူတို့ အခု ဆေးကို လျှောက်မသုံးရဲဘူး၊ အူကိုပဲ ဆေးလို့ရမယ် ၊  စောင့်ကြည့်ကုသမှုပဲ ရမယ် ၊ ဒါပေမဲ့ လူနာရဲ့ နှလုံးကိုထိနိုင် မထိနိုင် မသေချာဘူး ၊ နောက်ဆို....အိမ်မှာပဲ အနားယူမှရမယ် ရုပ်ရှင်ဆက်ရိုက်ဖို့ မဖြစ်နိုင်တော့ဘူး ။

  ရုပ်ရှင်ဆက်ရိုက်ဖို့ မဖြစ်နိုင်တော့ဘူး ....ဒါက သရုပ်ဆောင်တာကို အလေးထားသူတယောက်အနေနဲ့ ကြီးမားတဲ့ ထိုးနှက်မှုတခုပဲ ။

  ဒါ့ကြောင့် ဆရာဝန်က စူးယီမော့ကို ကျင်ချိုးဟန်ကို တရားနဲ့ဖြေဖို့ ပြောခိုင်းနေတာဖြစ်တယ် ။

  စူးယီမော့ တခါမှမရဖူးတဲ့ စိတ်ရှုပ်ခြင်းတွေ ခံစားမိတယ် ။

  သူကိုယ်တိုင်တောင် ဘယ်လိုဖြစ်မှန်း မခွဲခြားတတ်တော့ဘူး ။

  တဖက်က ကျင်ချိုးဟန်ကို စိတ်ပူနေပြီး နောက်တဖက်မှာလည်း ဦးနှောက်ထဲမှာက လျန်ဖုန်းကေား အကြောင်းကို မထိန်းနိုင်ပဲ စဉ်းစားနေမိတယ် ။

  လျန်ဖုံးကေားက ဘယ်အလုပ်အပ်နှံမှုကိုမှ လက်မခံတော့ဘူးလို့ သဘောတူထားပြီးမှ မျက်စိတလှည့်မှာပဲ လန်ခွန်း နဲ့ အပေးအယူလုပ်ရဲတယ် ၊ လန်ခွန်း နဲ့ video call တောင် ခေါ်လိုက်သေးတယ် ! video call !! ဒါဆို သူကဘယ်သူဆိုတာ ပေါ်သွားပြီပေါ့ !!!

လူစားထိုးWhere stories live. Discover now