045
အမှန်တော့ လျန်ဖုန်းကေားရဲ့ သတိထားတတ်မှုက အတော်ကောင်းနေပြီးပြီလေ ။
အထူးသဖြင့် အန်းမုက သူ့ကို သတိပေးပြီးနောက်ပေါ့ ။ပြီးတော့ ဒီနေ့ ရိုက်ကွင်းမှာ ခံစားမိတဲ့အကြည့်စူးစူးကလည်း သူ့ကို စိတ်မအေးစေဘူး ။
တကယ်ပဲ တခုခုဖြစ်တော့မှာလား ?
ဒါပေမဲ့ ကိုယ်အခု သတိထားကာကွယ်ထားရမဲ့သူက တယောက်ပဲရှိတယ် ၊ အဲ့ဒါ လန်ခွန်းပဲ ။ ဒါပေမဲ့ အန်းမုရဲ့ စကားအရဆို လန်ခွန်းက ကိုယ့်ကို ထိုနှစ်တွေက အန်းမုဆိုတာ သံသယဝင်ခဲ့မယ်ဆိုရင် သူက ကိုယ်ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး ....
ဟူး၊ ခေါင်းတွေ ကိုက်လိုက်တာ !
လျန်ဖုန်းကေားရဲ့စိတ်ရှုပ်ထွေးခြင်းက ကိုယ့်ကိုယ်ပေါ်က အထူးချုပ်ထားတဲ့ ကျည်ကာအင်္ကျီကို မြင်မှ ပြုံးမိသွားတော့တယ် ။ရောင်းရင်းတွေရှိတာ ကောင်းတယ်လေကွာ ဘယ်အချိန်ပဲဖြစ်ဖြစ် စိတ်ရှုပ်စရာတွေ ဖြေရှင်းပေးနိုင်တယ်။
---ချိန်ရှီးလန် သူ့ကို ဒီပစ္စည်းပေးတာက အဆတသောင်း သတိထားရတာထက်သာလွန်တယ်လေ !
ဒါပေါ့ ၊ သူက ခေါင်းကို ပစ်ချတာတွေကိုတော့ သတိထည့်ထားရမှာပေါ့ ၊ ကျည်ကာအင်္ကျီက အစိတ်အပိုင်းတချို့ပဲကာပေးမှာလေ ၊ နှလုံး ဗိုက်တို့ကို ပစ်ရင်တော့ သူစိတ်ပူစရာ မရှိဘူးပေါ့ ။
ကုမ္ပဏီရဲ့ ကိုယ်ပိုင်ရုံးခန်းထဲ ပြန်ရောက်ချိန်မှာတော့ လျန်ဖုန်းကေားက လူမရှိချိန် ဘေးဘီကိုကြည့်ပြီး ချိန်ရှီးလန်ကို ဖုန်းဆက်လေပြီ ။
" အိုက်ယိုး ၊ အရူးလား ? မင်းက နှစ်တထောင်မှာ ဖုန်းတခါမှမဆက်ဖူးဘူး ၊ တကယ်ကို ရှားပါးလေး ရှားပါးလေး ! "
ချိန်ရှီးလန်ဟိုဖက်ကနေ စကားလုံးတွေလျှောက်သုံးကာ ပူညံပူညံပြောနေပုံက လျန်ဖုန်းကေားနားထဲမှာ အထူးရင်းနှီးနေမိတယ် ။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်