019
စူးယီမော့ရဲ့ အေးစက်တဲ့လေသံထဲမှာ အားနာသောလေသံပါနေတာကို နားထောင်ရင်း လျန်ဖုံးကေား သေချာနိုင်သွားပြီ သူဘာမှမဖြစ်တော့ဘူး ဒါနဲ့ပဲ စိတ်ချစွာ မျက်လုံးကို မှိတ်လိုက်တယ် ။
မကြည်လင်သေးတဲ့ ဦးနှောက်ကလည်း အများကြီး မစဉ်းစားနိုင်ဘူး ဘာလို့စူးယီမော့က သူ့ကို လာကယ်တာလဲ မီးစင်ကြည့်ကမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား ?အပြင်က လေထုနားရောက်တော့ အတော်ကောင်းသွားပြီ ၊ လျန်ဖုံးကေား လောဘကြီးစွာဖြင့် နှစ်ချက်လောက်ရှူလိုက်ချိန် ရင်းနှီးတဲ့ ခေါ်သံနှစ်သံကို ကြားလိုက်ရတယ် ---
" အရူး ! "
" ရှောင်ကေား ! "
လျန်ဖုန်းကေား တခဏအတွင်း အာရုံမစိုက်နိုင်ဘူး ဒီရင်းနှီးတဲ့ အသံက ရှီလန်းနဲ့ ရှောင်မီ မဟုတ်လား ? သူ အောက်ဆီဂျင်ပြတ်လတ်ပြီး ပုံရိပ်တွေထင်နေကြားနေတာလား , ဟုတ်တယ် ၊ ပုံရိပ်တွေနေမှာပါ ၊ စူးယီမော့က ဘယ်လိုလုပ်သူ့ကို လာကယ်မှာလဲ ? ရှီးလန်နဲ့ ရှောင်မီကလည်း ဒီမှာ မထွက်ပေါ်လာနိုင်…...
ဆိုးဝါးလိုက်တာ ၊ အောက်ဆီဂျင်ပြတ်တဲ့ နောက်ဆက်တွဲက ဒီလောက်ပြင်းထန်တာလား သူမျက်စိရှေ့က ပုံရိပ်က ဒီလောက်စစ်မှန်နေ......
" မဆူနဲ့ ၊ သူ အနားယူဖို့လိုတယ် ! "
စူးယီမော့က ဆူညံနေတဲ့ ထိုနှစ်ယောက်ကို မျက်စောင်းဖြင့်ကြည့်လိုက်ပြီး စူးယီမော့ကို ပွေ့ပြီး လေရရာနေရာကို သွားလိုက်တယ် ပြီးနောက် သူ့ရဲ့ ကိုယ်ကိုပွေ့လျှက် အောက်ချပေးလိုက်ပြီး သတိအမြန်ရဖို့ ကြိုးစားပေးတယ် ။ဘေးဖယ်ခံထားရတဲ့ ချစ်သူနှစ်ဦး အချင်းချင်း တချက်ကြည့်လိုက်ပြီး မျက်လုံးဖြင့် စကားပြောနေကြတယ် ။
ချိန်ရှီးလန် မျက်ခုံးပင့်လိုက်ပြီးနောက် ပါးစပ်လေး ရွဲ့လိုက်ကာ ထီမထင်ပုံဖြင့် ---လတ်စသတ်တော့ အရူးလက်ခံတဲ့ တာဝန်က ကျင်ချိုးဟန်ပုံ သရုပ်ဆောင်ဖို့ပဲ ! အဲ့ဒီ အလှပန်းအိုးသက်သက်ဖြစ်နေတဲ့သူ!
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်