37လက်ထဲကိုင်ထားတဲ့အရာက ပါးပါးပျော့ပျော့နဲ့ ဘာနဲ့လုပ်ထားမှန်းမသိတဲ့ပစ္စည်း လျန်ဖုံးကေားညှစ်ကြည့်လိုက်သော ကပ်စေးစေးဖြစ်နေတယ် ဂျုံလုံးကြနေတာပဲ ဒါပေမဲ့ ဂျုံလုံးမဟုတ်တာတော့ သေချာတယ် .....
လက်မြှောက်ပြီး ခပ်ဝင့်ကြွားကြွားဖြစ်နေတဲ့အမျိုးသားမျက်နှာပေါ်မှာ သွားဆွဲဆုတ်မိလိုက်တယ် ၊ ဆွဲချလို့မရတာတွေ့လိုက်ရတော့ လျန်ဖုံးကေား ခေါင်းလေး စောင်းသွားကာ နားမလည်သောပုံက အတော်ချစ်ဖို့ကောင်းတာလေ ။ သူ မျက်လုံးလေးမှေးချလိုက်ပြီး ၊ ဆက်ဆွဲတယ် .....
အမျိုးသားမှာ သူဆွဲဆုတ်လို့ အတော်နာကာ ကျွတ်ပင်ထွက်တော့တယ် ၊ သူ့လက်သေးသေးလေးကိုစုပ်ကိုင်ကာ မျက်နှာငယ်ဖြင့် ပြောတယ်
" မဆွဲတော့နဲ့ , ဒီမျက်နှာက ငါ့မျက်နှာအစစ်ပါ ၊ ဆွဲချမရဘူး "လျန်ဖုံးကေားက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ထိုအမျိုးသားကို မေးခွန်းထုတ်တော့တယ်
" ဒါဆို ဦးက သားလိုမျက်နှာ တပုံစံတည်း ပြောင်းနိုင်လား ? "အမျိုးသားက ဝင့်ကြွားကြွားဖြင့်
" ရတာပေါ့ ! "" ဒါဆို ပြောင်းပြလေ "
လျန်ဖုံးကေား ကလေးသံဖြင့် ခိုင်းစေနေတော့တယ် ။
" အင် ...."
ထိုအမျိုးသားခေါင်းလေးကုတ်ကာ
" ဒါတော့ အနည်းငယ်ပြင်ဆင်ပြီးမှ ရမှာ ...."" ဘာပြင်ဆင်ရမှာလဲ ? "
လျန်ဖုံးကေား နားမလည်ဘူး ။
အမျိုးသားကပြောတယ်
" ပစ္စည်းတချို့တို့ ဘာတို့ပေါ့ "
" ရော့ , ဒါနဲ့ကော "
လျန်ဖုံးကေားလက်ထဲက ထိုအမျိုးသားခဏက ခွာချလိုက်တဲ့ မျက်နှာအရေပြားကို ထိုးပေးလိုက်တယ်
" ပြောင်းလေ ! "
အမျိုးသားခေါင်းမှာ မျဥ်းမဲတွေပြေးသွားတယ်...
" ဒါဆို ဦးက သိပ်မတော်သေးပါဘူး "
လျန်ဖုံးကေား ကောက်ချက်ချကာ လှည့်ထွက်တော့မယ်။အမျိုးသားက သူ့ကို အမြန်ဆွဲထားပြီး
" ဟေ့ ကောင်လေး ၊ မသွားနဲ့အုံး ! ငါတို့ နေစရာအရင်ရှာရအောင်လေ ၊ ကောင်းပြီလား ? "
" ....ဟင့်အင်း "
လျန်ဖုံးကေား ငြင်းဆန်ဆဲပဲ
" အကယ်၍ ဦးက လူကုန်ကူးတဲ့သူဆို ဘယ်လိုလုပ်မလဲ ? "
အမျိုးသား မျဉ်းမဲတွေဆက်ပြေးတယ်....
" သားလည်း သွားစရာနေရာမှမရှိတာ ၊ ဦးနဲ့လိုက်ခဲ့ပေါ့ ! ဦး တကယ်မညာဘူး ၊ သားတယောက်တည်း လျှောက်သွားနေမှ တကယ့် လူကုန်ကူးနဲ့တွေ့ရင် ပိုဒုက္ခရောက်မယ်နော် ! "
ထိုအမျိုးသားက ခြောက်ပြော ချော့ပြော လုပ်နေတယ် ။
လျန်ဖုံးကေား နှုတ်ခမ်းလေးမဲ့သွားကာ
" သားတယောက်တည်းမှန်း ဘယ်လိုသိလဲ ? သားမှာ အိမ်သားရှိတယ် ၊ သူတို့ အမြန်ဆုံး....."
" မအနဲ့ , သူတို့ မပြန်လာတော့ဘူး ! ဦး မြင်တယ်လေ ၊ သူတို့က သားကို တမင်ချန်ထားခဲ့တာ ! "
ထိုအမျိုးသားက လွတ်ခနဲ ပြောထွက်မိသွားတယ်
ပြောပြီးမှ မပြောသင့်မှန်း အထိတ်တလန့်ခံစားမိလိုက်တယ် ။
YOU ARE READING
လူစားထိုး
Actionခေါင်းစဉ် 《替身》လူစားထိုး 作者:北棠墨 မူရင်းရေးသားသူ -ပေထန်မော့ ဘာသာပြန် May Tulips Love အခုခေတ်နောက်ခံ 1 V 1 , HE Zawgyi နဲ့က နောက်တအုပ်ရေးထားပေးတယ်နော်