122

556 87 6
                                    


  075
       
      စူးယီမော့ ကြည့်ကောင်းတဲ့ မျက်လုံးကို မှေးချလိုက်ပြီး လျန်ဖုံးကေားရဲ့ အငြိမ်မနေတဲ့လက်ကို ဖမ်းဆုပ်လိုက်ပြီး အသံခပ်နိမ့်နိမ့်ဖြင့်
    " ဆုတောင်းပါတယ်ဆို ပြောထွက်လာရင် ဘယ်‌ပြည့်‌တော့ပါ့မလဲ ! "
  
       လျန်ဖုံးကေား နှုတ်ခမ်းမဲ့ကာ ထပ်မမေးတော့ဘူး အမှန်တော့ မစဥ်းစားလည်း သိတယ် ဟို ချစ်သူလေးနဲ့သက်ဆိုင်တဲ့ ဆုတောင်းပဲမဟုတ်လား ?
  
         မျက်လုံးပင့်ကြည့်လိုက်တော့ စူးယီမော့က ကိုယ့်လက်ချောင်းတွေ ဆုပ်ကိုင်ထားတာတွေ့တော့ လျန်ဖုံးကေားရင်ထဲ တုန်သွားကာ အမြန်ပြန်ဆွဲသိမ်းလိုက်ပြီး ဓါတ်လှေကားဘက်ကို ကြည့်လိုက်တယ် ။
  
        ဓါတ်လှေကားက အမြန်ဆုံးပဲ ရောက်လာပြီမို့ လျန်ဖုံးကေား အရင်ပြေးဝင်သွားပြီ ဟန်ဆောင်ပန်ဆောင်ဖြင့်
   " ဓါတ်လှေကား ရောက်ပြီ ! "

  စူးယီမော့ ဖြည်းဖြည်းခြင်းလှမ်းဝင်သွားပြီး ဓါတ်လှေကားနံရံက နံပါတ်တွေကို စိုက်ကြည့်ပြီး ....အသက်ဆက်အောင့်တယ် ။

  ရူ့ခင်းကြည့်မျှော်စင်က အထပ်သုံးဆယ်ကျော်မှာ အခု အထပ်နှစ်ဆယ်ကျော်သွားပြီဆိုတော့ ဆုတောင်းရင် ပြည့်လောက်တယ်မလား ?

  ဒီအပြောက သိပ္ပံနည်း ကျကျမကျကျ မခက်ခဲဘူးဆိုရင် စမ်းကြည့်လည်း ဘာမှမဖြစ်ပါဘူး ။

  လျန်ဖုံးကေား လက်ပိုက်ပြီး တဖက်က ဓါတ်လှေကားနံရံကို ကြည့်ပြီး ခေါင်းအသာငုံ့ကာ ဘာတွေစဉ်းစားနေတယ် မသိဘူး ။

  နှစ်ယောက်သား စကားတလုံးမှ မပြောကြပဲ ဓါတ်လှေကားက ဒင်ကနဲ အချက်ပြသံကြားမှ နှစ်ယောက်လုံး လေ အရှည်ကြီး ထုတ်လိုက်ကြတယ် ၊ တပြိုင်တည်းပဲ နားလည်လိုက်ကြတယ် ---လက်စသတ်တော့ နှစ်ယောက်လုံး အသက်အောင့်နေကြတာပဲ !

  လျန်ဖုံးကေား စူးယီမော့ကို မပြောင်နိုင်ရှာတော့ဘူး ကိုယ်တိုင်လည်း ခပ်အအတွေ လုပ်မိတာကြောင့် ဓါတ်လှေကားတံခါးဖွင့်တာနဲ့ ပြေးထွက်သွားလေပြီ ။

  အရင်ဆုံး မြင်လိုက်ရတာက မှန်အပြည့်ပြတင်းနံရံပေါ့ မှန်ပြတင်းကနေ မြို့ပြညအလှနဲ့ ‌ညရဲ့ကောင်းကင်ကို မြင်နေရပြီး တိတ်ဆိတ်နေတယ် ၊ Aမြို့ထက် စာရင် အလုပ်ရှုပ်နေသူတွေနည်းတယ် ၊ ပိုပြီး သပ်ရပ်တဲ့မြို့ပဲ။

လူစားထိုးWhere stories live. Discover now